"ငေး~~"အပိုင်း(၇)

212 20 2
                                    

Unicode

မတင်ဘူးလုပ်ထားပေမဲ့ ဒါဒါလေးတွေကိုချစ်လို့တင်ပေးလိုက်ပြီ။အာဘွား မွ~~😚

မနက်ဖြန်ဆိုရင် ချို့ဘွဲ့ယူရမဲ့ရက်ရောက်ပြီ။ခုထိ သံဇင့်ကိုဆက်သွယ်လို့မရသေးဘူး။သံဇင်တစ်ကယ်စိတ်ကောက်သွားပြီလားမသိပါဘူး။ချိုငိုချင်လာပြန်ပါပြီလေ။ဒါပေမဲ့ချိုလက်မလျှော့ပါဘူး။သံဇင့်ဆီ မက်ဆေ့ပို့လိုက်သည်။

(သံဇင် မနက်ဖြန်ငါဘွဲ့ယူတဲ့အခမ်းအနားကိုလာခဲ့နော် ငါမျှော်နေမယ်)

ဝင်မကြည့်သော စာပေါင်းများစွာကိုကြည့်ကာ ချိုငိုင်နေမိသည်။

"ချို~"

"အော် မူ"

မူရောက်လာမှသာသတိဝင်တော့သည်။

"အင်း ဘွဲ့ယူမဲ့နေ့ဝတ်ဆုံရှိပြီလား"

"အင်း သံဇင်ကိုယ်တိုင်ဒီဇိုင်းဆွဲပေးထားတာ"

မူ မျက်နှာတစ်ချက်ပျက်သွားသည်။တစ်ခနပါပဲ။ပြီးတာနဲ့ပြုံးပြလိုက်သည်။

"အင်းပါအဲ့တာဆိုလဲ အခုဂျူတီပြီးပြီမလား"

"ပြီးပြီ မူ"

"အဲ့တာဆို မူ နဲ့တူတူလျှောက်လည်အောင်"

ချိုခဏစဉ်းစားလိုက်သည်။အင်း ကောင်းသားပဲစိတ်ပြေလက်ပျောက်ပေါ့။

"သွားမယ်လေ"

မူသည် ဒေါက်တာလေးလက်ကိုဆွဲကာ စီးတော်ယာဉ်ကားဆီကိုသွားသည်။ဒီနေ့တော့ ချိုနဲ့တူတူအဝလျှောက်လည်ပစ်မည်။ဒီနေ့က Date မဟုတ်တဲ့ ချိုနဲ့မူရဲ့ Date။

မန္တလေးမြို့ရဲ့ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ အခန်းတွင်းလဲလျောင်းနေတဲ့ကောင်မလေးတစ်ဦး။မေ့လျော့နေသည့်တိုင် အလှမပျက်ပေ။ထိုသူသည်နှိုင်းယှဉ်ပြပါဆိုလျှင် ငယ်ငယ်ကကြည့်ဖူးခဲ့သော Sleepy Beauty ကားထဲက အိပ်ပျော်နေသောမိန်းမလှလေးပင်။မသကာပို၍ပင်လှလျှင်လှနေအုံးမည်။ဘေးနားမှာလည်းအသက်ခပ်ကြီးကြီး အန်တီကြီးတစ်ယောက်က စိတ်ပူစွာလူနာစောင့်အဖြစ်တည်ရှိနေသည်။

မကြာပါ ကုတင်ပေါ်ကအိပ်ပျော်သောအလှလေး၏မျက်လုံးများသည်ပွင့်ဟလာလေသည်။အခန်းတစ်ဝိုက်ကိုမျက်စိကစားရင်း လူနာစောင့်အန်တီကြီးကိုမြင်တော့နှုတ်ခမ်းများဖွင့်ဟကာစကားပြောလာသည်။

"ငေး~~"Opowieści tętniące życiem. Odkryj je teraz