Extra

883 82 13
                                    

Zawgyi...

"lawကျောင်းသားကြီး ပထမနှစ်ကိုအောင်မြင်သွားလို့ Congratulationsနော်"

ဂျွန်ဂယူ့ကအရမ်းဝမ်းသာနေဟန်မို့ ဟာရုတိုမှာသဘောတကျရှိလှသည်။ဒါဟာ ဂျွန်ဂယူ့အတွက် သူအရမ်းမုန်းပါတယ်ဆိုတဲ့စာတွေကိုပထမဆုံးအကြိမ်လိုလိုလားလားကြိုးစားပေးခဲ့တာပဲ။သူ့ကြောင့်ကင်ဂျွန်ဂယူမျက်နှာအမြဲပွင့်လန်းစေရမည်။

"ပျော်တယ်ပေါ့ခင်ဗျားက! ခင်ဗျားပျော်ရင်ပြီးတာပဲ"

"ကိုကိုလို့ခေါ်ဆိုလဲမရဖူးနော် ဘာကိုခင်ဗျားလဲ မင်းထက်အငယ်များထင်နေလား"

"မခေါ်ချင်ပါဖူး ခင်ဗျားထက်ငယ်လို့ကိုကိုခေါ်ရတာအကြောင်းမဟုတ်ဖူး ပတ်ဝန်းကျင်က ကျနော်နဲ့ခင်ဗျားယှဉ်လိုက်ရင် ခင်ဗျားကိုပဲအငယ်ထင်ကြမှာ"

ဂျွန်ဂယူက မကျေနပ်ဟန် နှုတ်ခမ်းစူပြတော့ ရီနေပြန်သည်။ အခုချိန်ထိဒီကိစ္စဟာအဆုံးမသတ်နိုင်။

စတွဲလာတဲ့အချိန်ကတည်းကနေ အခုထိကင်ဂျွန်ဂယူဟာ သူ့ကို ကလေးဇာတ်အမြဲသွင်းသည်။

ဟာရုတိုကို အမြဲတမ်းအလိုလိုက်တတ်ပြီး အမှားလုပ်မိတိုင်းလဲအကြီးတယောက်လိုမျိုးဆုံးမသည်။ ခက်တာကဟာရုတိုမျက်လုံးထဲ လူကြီးအရမ်းဖြစ်ချင်နေတဲ့ ဂျွန်ဂယူဟာ ချစ်ဖို့ကောင်းလွန်းနေသည်လေ။ သူ့ထက်အသက်ကြီးတာကို မှတ်ပုံတင်ပြမှသာ လူတွေကယုံကြမှာ။

ကိုကိုဆိုပြီးချွဲရမှာကို အရမ်းအသဲယားတတ်သူနဲ့ ကိုကိုလို့အခေါ်ခံချင်ပြီး အချွဲခံချင်တဲ့သူတို့ဟာ တနေ့မှာ၃ခါလောက်တော့ ထိုကိစ္စနဲ့ပတ်သတ်ပြီးအမြဲငြင်းခုန်ကြသည်။ ငြင်းခုံတယ်ဆိုတာကလဲ တယောက်နဲ့တယောက်ကျီစားနေကြရုံဖြစ်ပြီး နောက်ဆုံးမှာအနမ်းတွေနဲ့ကျေအေးအဆုံးသတ်လေ့ရှိတယ်။ အချစ်ဆိုတာကိုဘာမှန်းမသိတဲ့လူတွေကတော့ ဒီလိုမျိုးသမီးရည်းစားတွေချစ်မြတ်နိုးလွန်းလို့ကျီစားကြတာကိုနားလည်မည်မဟုတ်။

"အိမ်ကိုမပြန်ဖူးလား"

ရင်ခွင်ထဲကိုတိုးဝှေ့လာတဲ့ကြောင်ပေါက်လေးရဲ့ဆံပင်တွေကို လက်ချောင်းသွယ်တွေနဲ့ထိုးဖွလိုက်သည်။ ပျော့အိနေတဲ့ဆံနွယ်လေးတွေကလက်ချောင်းကြားထဲနူးနူးညံ့ညံ့တိုးဝင်လာတယ်။

Dear Bad Boy(Completed)Where stories live. Discover now