(16)

1K 70 4
                                    


♡♡♡

~~ နှင်း​လေ သုန်ကြူးလာ အို မ​မေ့ကွယ် လွမ်းရသည်အခါ အဘယ်သို့များ ​​ဆွေး​လေ​ရော့အုန်းသလား တပင်မြနန််း ​ဝေးခဲ့ပြီးသကာ  ~~

​​ဆွေး​ဆွေးငြိမ့်ငြိမ့် လွမ်းစရာ​တေးသီချင်းက​လေးက ​ရေဒီယိုမှတဆင့် လွင့်ပျံ့လာခဲ့သည်။စာရွက်ကိုတဖျက်ဖျက်လှမ်း​နေ​သော်ငြှားလည်း သည်စာအုပ်​ပေါ်တွင် စိတ်သိပ်မ​ရောက်​ပေ။

အ​တွေး ဟုတ်သည်။အ​တွေး အ​တွေး​တွေက လွင်ကိုစိတ်ဒုက္ခ​တော်​တော်​ပေးသည်ပဲ။ ဘာမျှမ​တွေးခြင်းဘူးကွယ်။ သို့​ပေမယ့် ​ခေါင်းထဲ​ရောက်​ရောက်လာသည့်အတွက် လွင်မ​တွေးဘဲ မ​နေနိုင်ပြန်ဘူးရယ်။

"​မောင်တေဇ​နောင် လာတယ် လွင် "

ခြံ​စောင့် ဦး​လေးကြီးကအ​ပြေးတစ်ပိုင်းလာ၍​ပြော​လေသည်။မ​တွေ့ချင်ဘူး လွင် ​နောင်ကိုအခုချိန်မ​တွေ့ချင်ဆုံးပဲ။

" တံခါးမဖွင့်​ပေးပါနဲ့ ဦး​လေး "

" ဘယ်လိုလုပ်မလဲလွင် ​မောင်က အထဲ​တောင်​ရောက်​နေပြီ "

ကျူးကျူး​ကျော်​ကျော် အိမ်ရှင်​တောင်ခွင့်မပြုဘဲ ဝင်လာရဲသည့် ​နောင် တကယ်ကို ​ကြောက်စရာပါကလား။

"​မောင်တို့ စကား​ပြောရမှကိုဖြစ်မယ် "

"ဟင်း ဦး​လေးသွားလို့ရပါပြီ​နော် "

" ​အေးပါကွယ် ​အေးပါ "

" စာကြည့်ခန်းထဲကို လိုက်ခဲ့ "

စာအုပ်ကို ဧည်ခန်းထဲတွင်ထားခဲ့ပြီ အ​ပေါ်ထပ်ရှိ စာကြည့်ခန်းသို့ တက်လာခဲ့သည်။ ​အောက်ထပ်တွင်​ပြောလို့ရပင့်မယ့် အိမ်​ဖော်​တွေ​ကြောင့် စကားကို လွှတ်လွှတ်လပ်လပ်​ပြော၍ရမည်မထင်​သော​ကြောင့် အ​ပေါ်ထပ်သို့ ​ခေါ်ရခြင်းဖြစ်သည်။

ကြီးမေအိမ်မှာမရှိ​သော​ကြောင့် လွင်တစ်မျိုးစိတ်သက်သာရာရသည်။နို့မို့ဆိုလျှင် ကြီး​မေ ​နောင်ကိုဘာလုပ်မလဲ လွင်မစဥ်းစားတက်ပါ။

စာကြည့်ခန်းထဲ​ရောက်သည်နှင့် တံခါးကို ဂျက်ထိုးလိုက်သည်။

" လွင်ကို တစ်​ယောက်တည်းလွှတ်ထား​လို့မရဘူးလား ဘာလို့ လွင်ကိုပဲစိတ်ဒုက္ခ​​တွေဝိုင်း​ပေး​နေကြတာလဲ လွင်ပင်ပန်း​နေပြီ သိရဲ့လား "

~​ကြွေပန်းကိုသာ​ကောက်ပါ...မောင် ~(bl)(complete)Where stories live. Discover now