U1 | 물들어가

286 38 8
                                    

{colors}

Do Kyungsoo ၏ ဘဝတွင် ယခုအခိုက်အတန့်လောက် အချိန်အမှား၊ နေရာအမှားတွင် ရောက်နေသည်ဟူသော ခံစားချက်မျိုးကို ပြင်းပြင်းထန်ထန် မခံစားခဲ့ရဖူးပါ။ အိမ်ခန်းထဲ၌ လေးဘက်လေးတန်လုံး လူအပြည့်ရှိနေသော်လည်း ဘယ်သူ့မျက်နှာကိုမှ သေချာမမြင်ရဘဲ နီယွန်မီးရောင်များ တွန့်လိမ်လှုပ်ရှားနေခြင်းကိုသာ မြင်ရသည်။ အရက်ဟူ၍ တစ်စက်ကလေးမှ မသောက်ထားသူကိုပင် ခြေတစ်လှမ်းတိုင်းစီ၌ ယိုင်လဲတော့မည်ဟု သံသယဝင်စေလောက်အောင် ဟန်ချက်ညီမှုကို ပျက်ပြားစေသော သီချင်းသံအကျယ်ကြီးကြောင့် Do Kyungsoo မျက်နှာရှုံ့ထားမိရင်းက သီချင်းသံနှင့် မလိုက်မဖက် စိတ်ထင်သလို ယိမ်းထိုးလှုပ်ရှားနေသော လူပင်လယ်ကြီးကြားမှ ထွက်ပေါက်ကို ရှာဖွေလျက် သူ့ကို ဒီနေရာနှင့် ဒီအချိန်ဆီသို့ တွန်းပို့လိုက်သော ဆုံးဖြတ်ချက်များအကြောင်း ပြန်တွေးနေမိသည်။

အရာအားလုံးက လွန်ခဲ့သော ၃ ရက်က အစပြုသည်။ သူ့ literature class ထဲမှ Kim Yeong Joo က သူ ၁၉ နှစ်ပြည့်တွင် ကျင်းပမည့် မွေးနေ့ပါတီဆီ လာဖိတ်ခြင်းပင်။ Kim Youngjoo က လွန်ခဲ့သော သုံးလခန့်ကမှ ကျောင်းပြောင်းလာတာမို့ သူနှင့်သိသောအချိန်က ထိုကာလထက်ပင် နည်းပါးသေးသည်။ ထိုအချိန်၏ တစ်ဝက်ကလည်း ပျင်းစရာကောင်းသော group project တစ်ခုတွင် အတူတူ အိမ်စာလုပ်ရင်း ကုန်ဆုံးခဲ့သော အချိန်များဖြစ်သည်။ သို့တိုင်အောင် Youngjoo က အမြဲလိုပင် Kyungsoo ကို ငယ်သူငယ်ချင်းတစ်ယောက်လို ဆက်ဆံသည်။ သူကျောင်းပြောင်းလာကတည်းက သူ့ကို သူငယ်ချင်းအဖြစ်နှင့်သာ မထားချင်တော့ဟု တွေးမိထားသော Kyungsoo အတွက်တော့ ထိုအချက်က ပြဿနာဖြစ်ပါ၏။

Kyungsoo အဖို့ တစ်ပတ်တည်းနှင့် Crush ဟု သတ်မှတ်လိုက်ရလောက်အောင်လည်း Youngjoo က သဘောကောင်းသည်။ ကျောင်းပြောင်းလာကတည်းက ကျောင်းသူသစ်အဖြစ် အာရုံစိုက်ခံရသော Youngjoo က ထိုအာရုံများ သူ့ထံမှ လွှဲပြောင်းမသွားအောင် ဆွဲယူထားနိုင်စွမ်းရှိ၏။ စာတော်သည်။ လူမှုရေးကောင်းသည်။ အားကစားလည်း တော်သည်။ အမြဲတမ်း မျက်လုံးများ မှေးပိတ်အောင် ပြုံးတတ်သော Youngjoo ကို မြင်လျှင် ဘယ်သူကမှ ပြန်မပြုံးပြဘဲ မနေနိုင်။ နောက်ပြီးတော့ Do Kyungsoo အမှတ်မထင် သိသွားရသည့် အလွန့်တရာကိုမှ အရေးအကြီးဆုံးအချက်ကတော့ Youngjoo ၏ လက်ပေါ်တွင်ရှိသော ဝိညာဉ်ပန်းပွင့်များက နှင်းဆီပန်းများ ဖြစ်လေသည်။

CHARCOAL SKETCHES FT. STRAWBERRY CHAPSTICK [Kaisoo]Where stories live. Discover now