နိဒါန်း

49 4 7
                                    

*Unicode*

ညအချိန်ဖြစ်တာကြောင့် လမ်းမတစ်လျှောက်အတော်အတန်ရှင်းလင်းနေလေသည်။ မကြာခဏဖြတ်သန်းသွားလေ့ရှိသည့် ကုန်တွဲကားကြီးများမှအပ ပြင်ဦးလွင်အတက်လမ်းလေးက အဝေးမှာမြင်ရတဲ့မီးရောင်မှုန်ပျပျသာ လင်းသည်။

ညနေဘက်ရောက်မှ မေမြို့ကထွက်လာခဲ့တာမို့ မန္တလေးအဝင်ကအတော်လေးနောက်ကျနေခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူနားလို့မဖြစ်သေးပေ။ သူ့ကိုစောင့်စားနေကြသူတွေရှိသည်။ တစ်နည်း လူနှစ်ယောက်ရဲ့အသက်နဲ့ဘဝသည် သူ၏လက်ထဲတွင်ရှိနေသည်။

အတွေးနဲ့အတူ ကားလေးကိုပိုမိုအရှိန်တင်လိုက်သည်။ သိပ္ပံလမ်းသို့ရောက်ချိန်တွင် ပြင်ဦးလွင်လမ်းပေါ်မှ ကားလေးကို ထိုလမ်းပေါ်သို့ချိုးကွေ့ဝင်လိုက်တော့၏။ လမ်းမကြီးပေါ်ရောက်သွားသည်နှင့်အညီ လမ်းမီးရောင်များက ထိန်ထိန်ညီးနေတော့သည်။

မြို့ထဲမှာတော့ ညဘက်၉နာရီခွဲ၊၁၀နါရီသည် စည်ကားနေဆဲဖြစ်သည်။ သမီးရည်းစားအတွဲများ၊ လူငယ်အုပ်စုများက လမ်းတစ်လျှောက်ဟိုတစ်စုဒီတစ်စုပင်။ ကားလေးအရှိန်မှန်မှန်မောင်းနှင်လာခဲ့ရင်း တစ်နေရာအရောက်မှာ သတ်ပွဲကျင်းပနေသည့်လူငယ်တစ်အုပ်ကြောင့် ကားကိုအရှိန်လျှော့လိုက်ရသည်။

ဟိုဘက်၃ယောက်၊ဒီဘက်၃ယောက်ဖြစ်နေကြပုံပေါ်ပြီး တစ်ဘက်ကလည်းအရေးသာနေပုံပင်။ လမ်းပြောင်းပြန်ရပ်ထားတဲ့ ပြိုင်ကားအနက်ရောင်၏ ဘောနပ်စ်ဖုံးပေါ်မှာတော့ ကလေးသာသာကောင်လေးတစ်ယောက် ထိုင်လျှက်ရှိနေသည်။

လူကဘယ်လောက်မှမရှိသေးပဲ မာဖီးယားဂိုဏ်းခေါင်းဆောင်ပုံစံဖမ်းနေတဲ့ထိုကလေးကြောင့် သူတစ်ချက်တော့ပြုံးမိသွားသည်။ အပေါ်မီးအောက်မီးအကုန်ဖွင့်ကာ ကားလာကြောင်းသိသာအောင်ဟွန်းသံပါပေးရင်း မောင်းလက်စအတိုင်းဆက်မောင်းလိုက်သည်။

မိမိကား အနီးသို့ရောက်လာသည်အထိ ဂရုမစိုက်ခြင်းအနုပညာကိုသုံးနေသည့် ထိုကလေးသာသာအုပ်စုကြောင့် သူမဲ့ပြုံးပြုံးလိုက်သည်။ လမ်းအကျယ်ကြီးရှိတာကြောင့် ရှောင်သွားလို့ရသည်မှန်သော်လည်း ဒီလို နားထင်သွေးရောက်နေကြမှုကိုတော့ အားပေးအားမြှောက်မပြုနိုင်ပါ။

အိမ်ပြေးလေးရဲ့ ဒိုင်ယာရီ ~အိမ်ပြေးလေးရဲ့ ဒိုင်ယာရီ~ [𝙾𝚗𝚐𝚘𝚒𝚗𝚐]Where stories live. Discover now