Part-38

694 23 2
                                    

                    ဟူဒီအနက်ရောင်အပြင် တစ်ကိုယ်လုံးနက်စွေးစွာ၀တ်ဆင်ထားသော ခပ်ငယ်ငယ်လူငယ်လေးတစ်ယောက်သည် ကားလမ်းမကြီး၏တစ်ဖက်ခြမ်းတွင် ခေါင်းငုံ့ကာဘေးကပ်လျှက်လမ်းလျှောက်နေသည်။နှုတ်ခမ်းတွင် စုတ်ပြဲဒဏ်ရာအချို့ရှိနေသည်။နာနေသောနှုတ်ခမ်းထောင့်ရှိဒဏ်ရာအား လက်ဖြင့်ထိလိုက်ပြီးနောက် ကျစ်ခနဲစုပ်သတ်လိုက်ခြင်းနှင့်အတူ မျက်မှောင်ကျုံ့သွား၏။ထိုအချိန်တွင် အချိန်ကိုက်၀င်လာသော ဖုန်းသည် မျက်မှောင်တို့အားအလိုလိုပြေလျော့စေ၏။

“ဟယ်လို! မေမေ ဘာဖြစ်လို့လဲ”


“သား အခုဘယ်မှာလဲ၊မေမေတို့အရေးကြီးနေလို့ အခုပြန်လာခဲ့နော် သား”


             ‌စကားပြောလျှင် အေးဆေးတည်ငြိမ်စွာစကားပြောတတ်သော မေမေ့၏အသံတွင်စိုးရိမ်မှုများရောနှောနေသည်။


"ဘာဖြစ်လို့လဲ မေမေ"


"ကိုအဂ္ဂဟန်နဲ့ ‌မခွန်းတို့ကို သားသိတယ်မဟုတ်လား၊သူတို့မှာ အသက်အန္တရာယ်ရှိနေတယ်၊သူတို့အခုပဲ ပြန်သွားကြတယ်၊အဲ့ဒါ သားကိုနောက်ကနေလိုက်ကြည့်စေချင်လို့...."



"ဪ ဟုတ်၊သားအခုပဲ......"


ကျွီ! ဒုန်း!!!!


                သူ့စကားပင်မဆုံးသေး။လမ်းကြားထဲမှ အရှိန်ဖြင့်ထွက်လာသော ကုန်ကားတစ်စီးသည် ခပ်မှန်မှန်မောင်းလာသော ကားနက်ကလေးအား ၀င်တိုက်ပြီးသည့်နောက်တွင် ကားနက်ကလေးသည် သုံးပတ်မျှလိမ့်သွားလေသည်။ကုန်ကားသည် ထိုနေရာနှင့်မနီးမဝေးသို့မောင်းသွားသည့်အချိန် မဟာသည် ကားနက်ကလေး၏ဘေးသို့အမြန်သွားလိုက်သည်။ကားထဲတွင် အသက်ရှင်သည့်သူရှိမရှိ ကြည့်လိုက်သောအခါ သူ့မိဘများပြောသော ဦးအဂ္ဂဟန်နှင့် ဒေါ်ခွန်းသနွယ်တို့ဇနီးမောင်နှံနှစ်ယောက်အား သွေးအလိမ်းလိမ်းဖြင့်တွေ့မြင်လိုက်ရသည်။နှစ်ယောက်လုံးအသက်မရှိကြတော့ပေ။သို့သော် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားဆဲပင်။


                  ထိုအချိန်တွင် ခြေသံတချို့ကြားလိုက်ရသဖြင့် ကားနောက်တွင်ကွယ်လိုက်သည်။စကားသံများပါကြားလာရ၍ videoရိုက်ကူးရန် ကင်မရာအားဖွင့်ထားလိုက်သည်။


ချစ်ခြင်းတည်စေWhere stories live. Discover now