၇။

1.6K 141 1
                                    

နောက်ဆုံးတော့ ဆယ်တန်းစာမေးပွဲကြီးပြီးဆုံးသွားခဲ့လေတယ်။ သူအိမ်ပြန်ရတော့မည်။ စာမေးပွဲကိုလည်းသေချာဖြေဆိုခဲ့တာမို့ စိုးရိမ်ပူပန်စိတ်တွေမဖြစ်ခဲ့။

အိမ်ပြန်ရတော့မည်ဖြစ်တာကြောင့် ခရာဝန်း စိတ်ထဲ ပျော်ရွှင်နေမိသည်။ မေ နှင့်ဘွားတို့အား သတိရတဲ့စိတ်တွေလည်းပါသလို အကိုပြောသွားခဲ့သည့် တစ်ခွန်းတည်းသော စကားလေးကိုလည်း အမှတ်ရနေခြင်းကြောင့်ဖြစ်၏။

အကိုက ကတိတည်တတ်သော လူတစ်ယောက်ဖြစ်သည်။ ထိုတစ်နေ့ကလွဲလို့ ပြင်ဦးလွင်ကို ယောင်လို့တောင်ရောက်မလာခဲ့ပါချေ။ အပြင်ထွက်ခွင့်ရသည့် စနေနေ့များတွင် ခရာဝန်းမှာ တောင်ကြည့်မြောက်ကြည့်ကလေးနှင့် ဗျာများနေခဲ့ရသော်လည်း အကိုကတော့ ပေါ်မလာခဲ့ပေ။

ဆက်သွယ်စရာတစ်စုံတစ်ခုမှလည်း မပေးထားခဲ့လေတော့ လွမ်းရက်တွေသာရှည်ကြာခဲ့ရပြန်ပါ၏။ ခရာဝန်းဟာ အချစ်ဦးလေးကို လွမ်းဆွတ် သတိရရင်း အိမ်ပြန်ချိန်တွေက လှပနေခဲ့ပါတော့သည်။

▪️▪️▪️

ဆယ်တန်းပြီးတဲ့အထိန်းအမှတ်နှင့် ဘွားက လိုချင်တာကို တောင်းဆိုခိုင်းသည်။ ခရာဝန်းက အကိုနှင့်ဆင်တူနာရီလေးဝယ်ခိုင်းခဲ့ပါ၏။

သားရေလက်ပတ်ကြိုးအနက်ရောင်လေးနှင့် လက်ပတ်နာရီတစ်ခုကို ခရာဝန်းလက်ဆောင်အနေနှင့် ဘွားဆီက တောင်းခဲ့သည်။ ပြင်ဦးလွင်သို့ အကိုလာခဲ့စဉ်က လက်တွင်ပတ်ထားခဲ့သည့် နာရီလေးနှင့် တစ်ပုံစံတည်းကို ရှာဝယ်ခဲ့ခြင်းပေ။

လက်ပတ်နာရီလေးကို မဝတ်ရက်၊ အကို ရောက်လာသည့်အခါ ကြွားစိန်လေးလုပ်ရန် သိမ်းထားခဲ့မိပါ၏။

ခရာဝန်းက သည်ရက်ပိုင်းမှာ ဝတ္ထုတွေလည်းဖတ်တတ်နေခဲ့ပြီး ဝတ္ထုတွေထဲမယ် အကို့အား ပုံဖော်ရင်း လွမ်းတတ်နေလေပြီ။

▪️▪️▪️

အဲ့သည်နေ့ ညနေခင်းလေးမှာ ဂီတာသံလေးနှင့်အတူ သူ့ရဲ့ အချစ်ဦးလေး အကိုက သူ့ကမ္ဘာလေးထဲကို ပြန်လည်ဝင်ရောက်လာခဲ့တယ်။

အချစ်ဦးမို့ ... (Back to 90s)Where stories live. Discover now