Part_7 (Final)

486 43 8
                                    

Unicode

တိတ်ဆိတ်နေသော အခန်းငယ်လေးသည် ခုနလေးတင်ကြားခဲ့ရသော အချစ်စကားတီတီတာတာလေးတွေနှင့် လားလားမျှမဆိုင်သလို..။ Soobin ၏ မျက်နှာမှာ အတော်လေးတည်နေပြီး ဒေါသထွက်နေသယောင်ရှိကာ Yeonjun မှာတော့ ဆူပုပ်ပုပ်မျက်နှာ‌ငယ်လေးဖြင့် Soobin အားကြည့်နေသည်။

"မောင် မင်းငါ့ကိုမချစ်တော့ဘူးမို့လား လမ်းခွဲကြမယ်"

"မဟုတ်သေးဘူးလေ... ဘယ်တုန်းကမချစ်ဘူးပြောလိုက်လို့လဲ! မောင့်ဒေါသကို လာမစွနဲ့နော် အချစ်ကိုထိခိုက်အောင်မလုပ်ချင်ဘူး"

"မင်းက ငါ့ကိုထိခိုက်အောင်လုပ်မယ်? လုပ်ရဲရင်လုပ်ကြည့်နော် ငါကတကယ်ပြတ်ပစ်မှာ Choi Soobin!!"

စိတ်မြန်လက်မြန်ရှိသော Yeonjun သည် စကားဆုံးပြီးသည်နှင့် Soobin ၏ လက်မောင်းအား ထုရိုက်တော့သည်။ ဘာမဟုတ်သောအရာလေးနှင့် သူ့အပေါ်ကို ရင့်သီးသောစကားလုံးတွေပင် ပြောနေသော မောင့်ကြောင့် ရိုက်နေရင်းမှ မျက်ရည်များလည်း ကျဆင်းလာတော့သည်။

"အချစ်! တော်သင့်ပြီ... အခုဘယ်သူ့ဘက်ကအရင်စတာလဲ... ဟင်?"

ခုနက ဒေါသထွက်နေရသော Soobin မှာ သူ့အချစ်၏ မျက်ရည်များဖြင့် သူ့အားရိုက်နှက်နေသော ပုံရိပ်လေးကြောင့် ဒေါသတို့ထက် နှလုံးသား၏ နာကျင်မှုတို့ကပိုလာရသည်။ အချစ်၏ နှုတ်ခမ်းလှလှမှ 'မောင်က မချစ်တော့ဘူး' ဟု ရွတ်နေတာကြောင့် မထိတထိဖြင့် သူ့လက်မောင်းများကို ရိုက်နေသော လက်ချောင်းလှလှတို့အား ဆွဲယူထိန်းရင်း ပြောလိုက်တော့ နှုတ်ခမ်းလေးဆူထော်ကာ မျက်စောင်းနုနုထိုးပြီး အခြားတစ်ဖက်သို့ လှည့်သွားသည်။

"ကဲပါ... ဘယ်သူမှားမှား မောင်ကပဲ တောင်းပန်ပါ့မယ်... အချစ်ကို အများကြီးချစ်တာမို့ နောက်ဆိုရင် အဲ့လိုမချစ်ဘူးလို့ မပြောရဘူးနော်"

မျက်နှာငယ်လေးလုပ်ကာ သူ့လက်လေးတွေအား လက်ချောင်းရှည်သွယ်သွယ်လေးတွေဖြင့် ပွတ်သပ်ပေးရင်း တောင်းပန်စကားဆိုသော မောင့်အား မျက်စောင်းလေးထိုးလိုက်ရင်းဖြင့်...

"ငါမမှားပါဘူး... ငါ့သာသာဂိမ်းဆော့နေတာကို မောင်ကလာနှောင့်ယှက်တာကို... အဲ့တာကြောင့် ‌ယောင်ပြီးကန်မိသွားတာလေ... မင်းကိုက ပါးစပ်သရမ်းတာကို မောင်ရဲ့"

𝐏𝐒5 𝐨𝐫 𝐌𝐄? (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒)Where stories live. Discover now