First Love Diary

124 6 3
                                    

[Unicode]
ဒီဇင်ဘာ ၈၊ ၂၀၁၈။
ဒီနေ့ ဆောင်ဟွန်း မွေးနေ့
လေညင်းခံချင်တာကြောင့်အပြင်ထွက်လာခဲ့တယ်။ သူငယ်ချင်း‌တွေကိုခေါ်ပေမဲ့လည်း သူတို့ကမလိုက်ကြဘူးလေ။ စာလုပ်စရာရှိလို့တဲ့။ အခုမှကျောင်းဖွင့်တာမကြာသေးတာကို စာဂျပိုးစတိုင်ဖမ်းချင်နေကြတာနဲ့တူပါတယ်။
တစ်ယောက်တည်း‌ခြေဦးတည့်ရာသွားရင်း ရောက်ခဲ့တဲ့နေရာက ကျူးလစ်ပန်းခင်းကြီးလေ။
ကျူးလစ်ပန်းတွေကို တော်တော်သဘောကျတယ်။
အရောင်အသွေးစုံသလို အရောင်တစ်ခုတိုင်းအတွက် အဓိပ္ပာယ်ကလှပတယ်လေ။ ကျူးလစ်ပန်းတွေကို ကြည့်နေရင်း miracle လေးတစ်ခု ဖြစ်ပွားခဲ့တယ်နဲ့ တူပါတယ်။

သူမရဲ့ ကြယ်တာရာနှင့်တူတဲ့ မျက်ဝန်းတွေ ၊နေရောင်ခြည်လိုနွေးထွေးတဲ့ အပြုံးတွေက သတိမပြုမိခင်မှာပဲ ရုန်းမထွက်ချင်တော့တဲ့ ကျော့ကွင်းတွေဖြစ်လာမယ်လို့ ဘယ်သူကထင်မိမှာလဲလေ။
သူမရဲ့ အပြုံးကသိပ်ကိုလှပတာကြောင့် နာမည်လေးတစ်ခုကို ပေးလိုက်မိပါပြီ။ 
"ကျူးလစ်ဝါလေး"

အချစ်ဆိုတဲ့အရာကိုမယုံကြည်ချင်ပေမဲ့ သူမကတော့ ကိုယ်လှလှပပသက်ဆင်းချင်တဲ့ ကျော့ကွင်းလေးပဲ ဖြစ်မယ်ထင်ပါတယ်။

ဒီဇင်ဘာ ၁၅၊ ၂၀၁၈။
ကျူးလစ်ဝါလေးကို မတွေ့တာတစ်ပတ်လောက်ရှိပြီ။
ဒီအတောအတွင်းသွားသမျှနေရာတိုင်းမှာ သူမကိုတွေ့မလားလို့ လိုက်ရှာမိတယ်။
သူမအကြောင်းတွေးမိတဲ့အချိန်တိုင်း ရင်ဘတ်ထဲမှာ ခုန်ပေါက်နေတဲ့အကောင်ငယ်လေးက တားမရဆီးမရဘဲ။
အချစ်ကို မယုံကြည်တဲ့ကိုယ်က သူမကိုတော့ တကယ်ပဲချစ်မိနေပြီလား။

ဒီဇင်ဘာ ၁၈၊ ၂၀၁၈။
ဒီနေ့တော့ ဆောင်ဟွန်းအတွက် ကံကောင်းတဲ့နေ့ပဲ။
ကျူးလစ်ဝါလေးကို ကျောင်းကန်တင်းမှာ မထင်မှတ်ဘဲတွေ့လိုက်တယ်။
သူမနဲ့မေဂျာမတူပေမဲ့ တစ်ကျောင်းတည်းဖြစ်နေတာပဲ။
သူငယ်ချင်းတွေသူမကိုခေါ်တဲ့နာမည်က Calla တဲ့လေ။
Calla ဆိုတာက ဂရိလို "လှပတယ်" ဆိုတဲ့အဓိပ္ပာယ်ပဲ။
ကျူးလစ်ဝါလေးက နာမည်လေးရော လူလေးရောလှလိုက်တာ။

ဒီဇင်ဘာ ၂၂၊ ၂၀၁၈။
တစ်ယောက်ယောက်ကို အမှတ်မထင်နဲ့ သုံးခါတွေ့ရင်ဖူးစာတဲ့။
ကျူးလစ်ဝါလေးက အိမ်နားမှာကော်ဖီဆိုင်အသစ် လာဖွင့်လိုက်ပြီ။ ခနခနသွားရမယ်။

First Love Diary Where stories live. Discover now