12

1.8K 98 7
                                    

Unicode

[ Warning ⚠️ ‼️ ဤအပိုင်းတွင်သင့်လျော်သော အကြမ်းဖက်မှု/အသုံးအနှုန်းအသက်ပြည့်သေးသူများ ဖတ်ရန်သင့်တော်သည့် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများ ပါဝင်သည် ]

အသိနှင့်ကိုယ် ကပ်သည့်အချိန်တွင် သူ့ခေါင်းက မူးဝေနှောက်ကျိနေလေ၏။ မျက်လုံးများကိုဖွင့်လိုက်သည့်အခါ အပြာဖျော့ဖျော့ မျက်နှာကျက်ကို မြင်တွေ့ရ၏။

သူ့ရဲ့ စေ့စပ်ပွဲ ....

လေချွန်သံ ...

သူ လုပ်ကြံခံခဲ့ရတာပဲ ...

အသိစိတ်ကပ်သည်နှင့် ထိန့်လန့်စွာ ထထိုင်ဖို့ကြိုးစားမိသည်။ တချွင်ချွင်မြည်သံက ဆူညံစွာထွက်ပေါ်လာသည်။ ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်မိတော့ သူ အသိမလွတ်ခင်က ဝတ်ဆင်ထားသည့် အဝတ်အစားများမဟုတ်တော့ပဲ ရှပ်လက်ရှည်အဖြူနှင့် ဘောင်းဘီရှည်တထည်ကို ဝတ်ထားသည်။ တချွင်ချွင်မြည်သံတွေသည် မာန်လှုပ်ရှားလိုက်တိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

"Fuck !!! "

သူ့လက်ကောက်ဝတ် နှစ်ဖက်လုံးက သားရေပြားတပ်ဆင်ထားသည့် သံကြိုးများဖြင့် ချိတ်ဆက် ချုပ်နှောင်ခံထားရသည်။ ကိုယ်ပေါ်လွှမ်းခြုံထားသည့် စောင်ပါးလေးကို ဆွဲခွာချလိုက်တော့လဲ ထိုနည်းတူပင်။ သူ့ခြေထောက်နှစ်ဖက်လုံးမှာလဲ သံကြိုးများရှိနေလေသည်။ ကြိုးအရှည်မှာ ခုတင်ပေါ်တွင် လှုပ်ရှားလို့ရရုံမျှ အနေတော်လောက်ဖြစ်ကာ ခုတင်အောက်ကိုခြေချ၍ပင် မရပေ။

အားကုန်ကြိုးစား၍ ရုန်းကန်ကြည့်သည်။ သားရေလက်ပတ်မှာ ခိုင်မြဲလွန်းလှ၏။ သူ့အသားတွေပင် နာကျင်လာသည်။ မူးဝေနှောက်ကျိသည့် ဝေဒနာကလဲ အငြိမ်မနေတာကြောင့် ပို၍ဆိုးဝါးလာ၏။

"နိုးလာတာ အတော်နောက်ကျတာပဲ
ဆေးပမာဏများသွားတယ်ထင်တယ်
ငါစောင့်နေတာကြာပြီ "

မာန့်တကိုယ်လုံးတုန်သွားကာ မော့ကြည့်လိုက်တော့ သူ့ကို ရပ်ကြည့်နေသည့် လူတစ်ယောက်...။ ရှပ်အနက်ကို ဘောင်းဘီအနက်ဖြင့် တွဲလျက်ဝတ်ဆင်ထားသည်။ ရင်းနှီးနေသည့် မျက်ဝန်းနက်တွေက အမှောင်ကျနေကာ အကြည့်တို့က စူးရှလွန်းလှ၏။

အနက်ရှိုင်းဆုံး တွယ်ငြိခြင်း (Completed)Where stories live. Discover now