၁၂

2.2K 409 4
                                    

 အပိုင်း၁၂

စာအုပ်ကို မှတ်မိအောင် လုပ်ပြီးနောက် သူက အခြေခံအကွက်များစွာကို လုပ်လိုက်သည်။အားလုံးပြီးသည့်အခါ ဆယ်နာရီအတိ ထိုးနေလေပြီ။ ပရိုဂရမ်အဖွဲကကလည်း သူ့အား အပြင်ထွက်ရန် အသင့်ပြင်သင့်ပြီဖြစ်ကြောင်း သတိပေးလာသည်။

လူတိုင်းက သူ၏ခန္ဓာကိုယ်ကို ချီးကျူးနေကြည်။

“ အကသမားတစ်ယောက်အတွက်ဆိုရင် တကယ်မဆိုးဘူး၊ ဘယ်လောက်ကောင်းတဲ့ ခန္ဓာကိုယ်လဲ”

“သူရဲ့ခြေတံရှည်တွေ၊ ပခုံးကျယ်နဲ့ ခါးသိမ်သိမ်နဲ့ဆိုရင် ဖေးရွှီထက်တောင် ခန္ဓာကိုယ်လှတယ်လို့ ငါ ထင်တယ်”

“ ငါကတော့ သူရဲ့-င်ကိုပဲ တစ်ချိန်လုံး စိုက်ကြည့်နေတာ၊ တကယ် ပုံစံကျတယ်”

“ ငါတော့ ဒီရာသီမှာ အပြာအပြာ စုံတွဲ ဖြစ်နိုင်တယ်လို့ စတွေးနေပြီ”

“ငါ ကြားထားတဲ့အတိုင်းဆိုရင် ဇာတ်ညွှန်းအဖွဲ့က မနေ့က တစ်ညလုံး အပြာအပြာ စုံတွဲတွေဖန်တီးဖို့ ဇာတ်ညွှန်းတွေပြင်ဆင်နေကြတယ်။အရင် အပြာအနီ လေးတွဲမှာ သူက cpအများဆုံးပဲ”

“ငါတို့တွေ တဟုန်ထိုးကျော်ကြားသွားစေမဲ့ ဖြတ်မြင်းတစ်ကောင် ရတော့မှာ မဟုတ်လား၊ အစက သူ့ကို အလှဆင်ပန်းအိုးသဘောနဲ့ ငါတို့က ခေါ်ထားခဲ့ကြတာနော်”

“ ဖေးရွှီတို့က ဒီလောကထဲမှာ ကျော်ကြားနေပြီးသား၊ ငါတို့သာ ဒီလိုလူသစ်နဲ့ဆိုရင် မပေါက်စရာ အကြောင်းမရှိတော့ဘူး”

“ဇိမ်ခံ ရသစုံရှိုးက ဖြတ်မြင်းတစ်ကောင် ရသွားပြီ”

ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို အဓိကထားသော ရသစုံရှိုးအနေနှင့် ကျိုင်ရှင်းချန်နှင့် ၀မ်နော့တို့က အဖြည့်ခံလေးများဖြစ်ကြသည်။ ထိုကြောင့် သူတို့က များများစားစား မမျော်လင့်ထားကြချေ။

ဒါပေမဲ့ ခွကြားကိုတော့ သွားမဆွမိစေနဲ့ အဲဒီလိုဆိုရင် သေချာပေါက်  ကျော်ကြားသွားလိမ့်မယ်

လူတိုင်းကလည်း ဒီရာသီက အဆင့်မြင့် ဇိမ်ခံရိုးမန့်များထဲတွင်ပင် ကျော်ကြားသွားရန် ပြင်ဆင်ထားကြသည်။မည်သို့ပင်ဆိုစေ သူတို့က ရထားသော ဧည့်သည်များက ရသစုံရှိုးတိုင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်စွမ်း ရှိလေသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now