ဝတ္ထုတို(စဆုံး)

347 40 19
                                    

နွေဦးဟာ ပိတောက်ပန်းရနံ့တို့မွှေးနေသလိုခံစားရတယ်။ တကယ်တမ်းတော့စိတ်ထဲက ထင်မိလိုက်ခြင်းသာဖြစ်ပါသည်။ယခုမှ မတ်လ(March)ပင် ဖြစ်သေးတော့သည်။ပိတောက်ပန်းတို့ ဖူးငုံခြင်းပင် မတွေ့ရသေးပါ။ စိတ်ထဲမှာစွဲလန်းမိသဖြင့် ပန်းရနံ့တို့ဝင်လာ ခြင်းသာ ဖြစ်သည်။ ထို့နောက် ပိတောက်ပင်ကြီး ရှိရာတောအုပ်အစပ်လေးမှာ..............

ထိုနေ့က သောကြာနေ့မဖြစ်ခဲ့လျှင်......

သူဒီနေ့ တက်ကြွနေမိပြန်သည်။ထူးဆန်းသော လူတစ်ယောက်နှင့် တွေ့ရမည်မဟုတ်ပါလား။သောကြာနေ့ဆို သူအရမ်းတက်ကြွနေသည်။ကျောင်းမဆင်းခင်ကတည်းက စာအုပ်နှင့်ဘောပင်ခဲတံများသိမ်းဆည်းထားပြီးဖြစ်သည်။ထိုလူနှင့်တွေ့ရမည်ဟူသောစိတ်ခံစားချက်သည် အရာရာကို ခပ်သွက်သွက် ဖြစ်စေသည်။ကျောင်းမှ အိမ်သို့ပြန်သည့်လမ်းနှစ်လမ်းရှိသည်။ပထမတစ်လှမ်းကတော့ချောင်းသေးသေးလေးကို ပေါင်းကူးထားသည့် တံတားသေးသေးလေးရှိရာ
လူသွားလမ်းနှင့် နောက်တစ်လမ်းမှာ လူသေရင် သင်္ချိုင်း သို့ပို့ဆောင်ရန် အတွက်သာ အသုံးပြုဖြတ်သွားသောလမ်းဖြစ်သည်။ရွာသားများကတော့ သရဏဂုံ လမ်းဟုခေါ်ကြသည်။ လူသေများကို မြေမမြှုပ်ခင် သရဏဂုံတင်ကြရာ ထိုလမ်းတွင် သရဏဂုံတင်သောကြောင့် သရဏဂုံလမ်းဟု ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံမှာတော့ ရွာထဲက လူများလည်း ထိုတောအုပ်သို့ သွားကာ ထင်းခွေတတ်ကြပါသေးသည်။

သူလမ်းတစ်ဝက်လောက်မှာပင် ထိုထူးဆန်းသောလူကိုတွေ့နေရပြီဖြစ်သည်။သည်တစ်ခေါက်တွေ့ဆုံမှုက တတိယအကြိမ်ဖြစ်ပါသည်။ခုတတိယ အကြိမ်မှာ တစ်ယောက်နာမည်တစ်ယောက် ပေးသိကြေးဟု ကတိတည်ထားကြသည်။ငါးကြိမ်မြောက်လျှင် အပြန်လှန် လက်ဆောင်ပေးကြေးဟုလည်း သတ်မှတ်ထားကြသည်။

"ငါ့နာမည်က ခိုင်း"
"ဟင် တစ်လုံးတည်းလား"
"အင်းပေါ့ ခိုင်းတစ်လုံးတည်း"
"ငါ့နာမည်က မိုမို"
"မို လို့တစ်လုံးတည်း ခေါ်မယ်လေ"
"အင်း"
"ဒီနေ့က ငါရဲ့စာမေးပွဲ နောက်ဆုံးလေ"
"ဟုတ်လား၊ ဘယ်ဘာသာလဲ"
"အီကို"
"အော်"
"ဘာဖြစ်လို့ငါ့ဆီ ခနခနလာရတာလဲ"
"ငါကမင်းရဲ့ အိပ်မက်ကိုပဲ ဆက်သွယ်နိုင်တာကို"
"ဟေး မိုမို လို့ပဲခေါ်မယ်ဆို"
ဟား၊ဟား မင်းလဲ မင်းကိုယ်မင်း စောစောကငါလို့ သုံးလိုက်တယ်ရော်"
"ဟား ဟား ဟား ဟုတ်ပါပြီ ခိုင်းရဲ့"
"ခိုင်း"
"ဟင်"
ပိတောက်ပင်အောက်မှာ ထိုင်နေမိကြသည်။
"ဒီ ပိတောက်ပင် ကို အခုချက်ချင်း အပွင့်ပွင့်အောင် လုပ်လို့ရလား"
အသံလေးကအနည်းငယ်ပျော့နေသည်။
"ဘယ်လိုလုပ်ရမှာလဲ မိုရဲ့"
"ဟင်း ဒီနှစ် ဒီပိတောက်ပင် အပွင့်ပွင့်လာရင်တော့ သနားစရာထပ်ဖြစ်လာဦးမှာပဲ "
"ဟင် ဘာလို့လဲ မိုရ"
"ရွာထဲကလူတွေ ထက်လာပြီး အကိုင်းလိုက်ချိုင် ကြမှာလေ"
ပိတောက်ပင်၏သက်တမ်းမှာ မည်မျှရှိသည်ဟု မိုရော ခိုင်းရော မသိပါ။သို့သော် နှစ်၅၀ ရှိလောက်မည်ဟု​တော့ မှန်းဆမိသည်။
"တကယ်ဆို ကိုယ်လဲဒီပိတောက်ပင်ကို သူ့အလိုလိုပဲ ရှိစေချင်တယ် မို၊ ပိတောက်ပင်ကြီး သေ သွားမယ်ဆိုရင်တောင် သူ့အလိုလို သေ သွားတာမျိုးပဲ မြင်ချင်တယ်၊ အပွင့်တွေ ကြွေမယ် ဆိုရင်လဲ သူ့သဘာဝအလျောက် ကြွေတာမျိုးပဲ ဖြစ်ချင်တယ်နော့"
"အင်း ရွာသားတွေရဲ့ ပယောဂ ကြောင့်မဖြစ်စေချင်ဘူး"
"စိုင်း"
"အင်း"
"ဒီပိတောက်ပင် ကြီး သေသွားမယ်ဆိုရင် ဘယ်လိုလူတွေ ဝမ်းနည်း ကြမယ်ထင်လဲ"
"ဘယ်သူမှ မရှိလောက်ပါဘူး မိုရဲ့"
"မို ဝမ်းနည်းမယ်လို့ မထင်မိဘူးလား"
"ပိတောက်ပင်ပဲ ကိုကွာ"
"အဲ့ပိတောက်ပင်က မို့အတွက် အကောင်းဆုံးမိတ်ဆွေဘဲ ခိုင်းရဲ့၊ခိုင်းနဲ့စမသိခင်ကတည်းက မိုက ဒီပိတောက်ပင်ကြီး အောက်မှာ အမြဲလာထိုင်နေကြ ဟုတ်တယ်၊ပြီးရင် ဒီအမြစ်ကြီးပေါ်မှာ ပက်လက်လှန်အိပ်ပြီး အပေါ်က အရွက်တွေကို ဒီလိုကြည့်နေကျ ခိုင်းရဲ့၊မို့မှာ အခြားသူငယ်ချင်းတွေက သစ္စာဖောက်သွားကြတာချည်းပဲ၊မိုရဲ့ အခင်ဆုံးသူငယ်ချင်းတွေကသာ သူတို့ဖြစ်ရတာ၊သူတို့ရဲ့အခင်ဆုံးက မိုမဟုတ်ဘူး ခိုင်းရဲ့၊ ဒီပိတောက်ပင်ကြီးကသာ မို့ရဲ့ မပြောင်းမလဲတည်ရှိနေတဲ့သူငယ်ချင်းကြီး၊

ထိုနေ့ကသောကြာနေ့မဖြစ်ခဲ့လျှင်Where stories live. Discover now