Part - 1

2.7K 64 0
                                    

"ဆူးခက်နွယ် ထမင်းအိုးကြည့်ထားစမ်း။ ငါမတင်ထွေးတို့ဆီ ခဏသွားမလို့။ ထမင်းအိုး ပျက်သွားလို့ကတော့ နင်အသေပဲနော်"

ဆူးခက်နွယ် ဦးလေးရဲ့ မိန်းမ မစန်းလှ အသံပြဲကြီးနှင့်အော်ပြီး အိမ်အောက်ကို ဆောင့်ကြီးအောင့်ကြီး ဆင်းသွားသည်။
နောက်ဖေးကို အပြေးလေးသွားပြီး ထမင်းအိုးလေးဘေး ထိုင်ကာ လက်နှီးစုတ်အဟောင်းလေးနဲ့ ထမင်းအိုးလေးကိုဖွင့်ကြည့်ရင်း ယောင်းမလေးကိုင်ကာ မွှေနေတဲ့ ဂါဝန်ခပ်နွမ်းနွမ်းလေး ဝတ်ထားတဲ့ ၁၄နှစ်အရွယ်ကောင်မလေး "ဆူးခက်" ။

အဖေက ကုန်စိမ်းကားစပယ်ယာ။ အမေက ကုန်စိမ်းရောင်းသူ။ ဆူးခက် ၅နှစ်သမီးလောက်က သူတို့မြို့ကနေ တခြားမြို့စျေးကို စျေးသွားရောင်းရင်း ကားမှောက်တဲ့ထဲပါသွားကြပြီး အဖေနဲ့ အမေ နှစ်ယောက်လုံး ဆုံးပါးသွားကြတာဖြစ်သည်။ ကျန်ရစ်တဲ့ တဦးထည်းသော သမီးလေးဖြစ်တဲ့ ဆူးခက်နွယ်ကိုတော့ ဦးလေးမိသားစုက ခေါ်ပြီး မွေးထားခဲ့ကြသည်။ ဦးလေးမှာလဲ သားသမီးက မထွန်းကားဆိုတော့ ဆူးခက်ကိုတော့ သမီးလေးလို ချစ်ရှာပေမယ့် ဦးလေးဖြစ်သူရဲ့ မိန်းမ မစန်းလှကတော့ ဆူးခက်အပေါ် အမြင်မကြည်ပေ။ အိမ်ရဲ့ ခိုင်းဖော်ခိုင်းဖက်တယောက်လိုသာ သဘောထားသည်။  ဆူးခက် မှာ ကျောင်းတက်ချိန်ကလွဲပြီး ကျန်အချိန်တွေ မစန်းလှခိုင်းသမျှ လုပ်ရရှာသည်။
ဆူးခက်ဟာ အမြဲတစေ သိမ်ငယ် အားငယ်နေတတ်တဲ့ ကောင်မလေးတယောက် ဖြစ်လာခဲ့သည်။
ကျောင်းသွားလျှင်လဲ ဆူးခက်မှာ မုန့်ဖိုးမရ။ ထမင်းချိုင့်တချိုင့်သာ ဆူးခက်အတွက် တနေ့တာ စားစရာ။ ကျောင်းတွင်လည်း သူငယ်ချင်းအပေါင်းအသင်း သိပ်မရှိ။ နွမ်းပါးသည့်အပြင် သိမ်ငယ်စိတ်ပါဝင်နေတော့ သူ့ဘဝသူ အမြဲတစေ အားငယ်နေတတ်သည်။ စာကိုတော့ သူကြိုးစားသည်။ သူ့ဘဝအတွက် တခုထည်းသော ထွက်ပေါက်က ဒါပဲမဟုတ်လား။ သူအမြန်ဆုံး ပညာတက်ဖြစ်ပြီး အလုပ်လုပ်နိုင်မှ သူ့ဘဝသူ တောက်ပနိုင်မည်ဖြစ်သည်။  ဆူးခက်နွယ်အတွက် နောက်ထပ် ထွက်ပေါက်တခုရှိသေးသည်။ အဲ့ဒါကတော့ ပန်းချီ။

"မိုးသားပန်းချီ" ဆိုတာ ဆူးခက်နွယ်တို့ အတန်းထဲမှာ အလှဆုံး နဲ့ အချမ်းသားဆုံး ကောင်မလေး။ ဆူးခက်တို့ မြို့ရဲ့ အချမ်းသာဆုံး အကြီးဆုံးပွဲရုံပိုင်ရှင်ရဲ့ တဦးထည်းသောသမီးလေး။
မိဘက ချမ်းသာလွန်းပြီး သမီးလေးတယောက်ထည်းဆိုတော့  မိုးသားပန်းချီဘဝမှာ မရနိုင်တာမရှိ။ ရုပ်လေးကလည်း လှတော့ ပန်းချီ့ဘေးနား အေပါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေသည်။

"ချစ်ခြင်း၏ အလွန်"Where stories live. Discover now