Part 01

34.6K 719 12
                                    

မြတ်နိုးခြင်း ရိပ်မြုံ (BL Fic)
အပိုင်း(၁)
သားသားကို မွေးကြဖို့ ၊ကလေးယူကြဖို့ နှစ်ယောက်အတူတူ တိုင်ပင်ကြတုန်းက၊ဆုံးဖြတ်ကြတုန်းကတော့ ကိုကို ရော ကျတော်ပါ အတူတူ ပင် ကလေးပြုစုစောင့်ရှောက်ရေး သင်တန်းကို တက်ခဲ့ကြသည်။

အခုတော့ ကိုကိုက မိုးလင်းကနေ မိုးချုပ်သည်အထိ သူရဲ့ အရက်ဘားဆိုင်မှာ အလုပ်လုပ်‌ေနသည်။ သူ၏ ဘားဆိုင်မှာ ယမကာစပ်သည့် ဆရာတယောက်နှင့် စားဖိုမှူး နှစ်ယောက်ရှိပေ
မယ့် ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ ၊တခါတရံ မန်နေဂျာ လုပ်ဖို့၊တခါတရံ စားပွဲထိုးဖို့ အတွက် ကိုကိုက မိုးလင်းကနေ မိုးချုပ်သည်အထိ နေ‌ေနရသည်။

သားသားကို မွေးပြီးတော့ အိမ်မှာပဲ အွန်လိုင်းရှော့ပင် လုပ်တဲ့ ယူရီက သားသားကို ကြည့်ရှု စောင့်ရှောက်ရတော့သည်။
ဈေးပြေးရောင်းလိုက် ကလေးထိန်းလိုက်နှင့်ပင် ယူရီ့မှာ တနေ့၊တနေ့ မအားရပေ။

ဒါတောင် ကိုကိုက မနက်စာကို ချက်ပေးခဲ့ပြီး နေ့လည်စာကို သူ့ဆိုင်ကနေ လာပို့ပေးသည်။ညစာကိုကျ ကိုကိုညဘက် အိမ်ပြန်ရောက်မှ ချက်ကျွေးသည်။

ဈေးရောင်းနေရာရင်းကနေ သားသားကို ဒိုင်ဘာဝတ်ပေးဖို့ ပြင်လိုက်ကာမှ ဒိုင်ဘာထုပ်က ကုန်နေလေပြီ။ကိုကိုရေ နေ့လယ်အိမ်ကိုလာခဲ့ရင် ဒိုင်ဘာထုပ် ဝယ်ခဲ့ပါဦး လို့ ပြောဖို့ ဖုန်းဆက်တာကို ဖုန်းမကိုင်ပေ။

"ဒီလူကြီးကတော့ ဘာတွေများ အလုပ်ရှုပ်နေလို့ ဖုန်းမကိုင်တာပါလိမ့်၊ငါ့မှာ ကလေးတကောင်နှင့် တို့လို့တွဲလောင်း ကို"

ကိုကို့ကို အရွဲ့တိုက်ပြှီး သား ကို ပစ်ထားမယ် လုပ်တော့လည်း  သားမျက်နှာလေးကိုမြင်တော့ စိတ်မကောင်းဖြစ်ရသည်။
ဒါနှင့်ပင် အိမ်နှင့်အနီး ဆုံး မီနီမားကပ်လေး တခုကို သွားကာ ဒိုင်ဘာဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

"သားရေ လာဟေ့ ဈေးဝယ်ထွက်ရအောင်"

သားနှင့် ဈေးဝယ်ထွက်ဖို့ အတွက် သားကို တွန်းလှည်းလေးနှင့် တွန်းကာ ခေါ်လာခဲ့လေသည်။

ဒိုင်ဘာထုပ်ဝယ်ရင်းကနေ ကလေးဝတ် အအေးသားလေးတွေ တွေ့တော့လည်း ဝယ်ပေးချင်လာသည်။ပေါင်ဒါမှုန့်နှင့် ရေချိုးဆပ်ပြာရည်လည်း ကုန်ခါနီးပြီ ဆိုပြီး ဈေးဝယ်တွန်းလှည်းလေးထဲ ထည့်နေမိသည်။

မြတ်နိုးခြင်းရိပ်မြုံ🔞(BL Fiction)Where stories live. Discover now