Part 07

4.5K 211 0
                                    

မြတ်နိုးခြင်း...ရိပ်မြုံ
အပိုင်း(၇)

"ယူရီရေ အကို့ကို မုန်ညင်းစိမ်းတွေ ရေဆေးတာ ကူပါအုံး"

"ဟုတ်ကဲ့ အကို"

ယူရီနှင့် စားဖိုမှူး အကိုတို့ ၏ စကားပြောသံ အဆုံး၌ ယူရီလေးက မုန်ညင်းစိမ်းတွေကို ဒန်ဇလုံကြီးထဲသို့ ထည့်ကာ ရေဆေးနေလေသည်။

"ကောင်လေးက ဖင်ပေါ့သားပဲနော် ဝေယံ"

"အင်း ငယ်ငယ်လေးရှိသေးတာကိုး ပေါ့ပါးပြီး သွက်လက်တဲ့ အရွယ်လေ"

"ငယ်ရွယ်တိုင်း သွက်လက်တာ မဟုတ်ပါဘူး ကွာ တချို့ ဂျစ်ကန်ကန်၊ထောင့်မကျိုးလေးတွေလည်း ရှိပါတယ်။

"ယူရီက သွက်လက်တယ်။သင်ပေးလိုက်ရင်တတ်လွယ်တယ်။ချစ်စရာကောင်းလောက်အောင် မျက်နှာချိုတယ် ငါသိသားပဲ မင်းကို အမြင်ကပ်လို့ ရွဲ့ပြောတာ အာကာ မင်း ဒီနေ့တနေ့လုံး ဘာဖြစ်နေတာလဲ? ယောက်ယက်တွေ ခတ်နေတာပဲ။
ဘာလဲ မင်းက နောက်ယောင်ခံလိုက်တတ်တဲ့ သူလား?"

ဝေယံ့ စကားကြောင့် အာကာ ရှက်သလိုလိုလည်း ဖြစ်သွားသလို၊ငါတကယ်များ ယောက်ယက်ခတ်နေခဲ့တာလား? လို့ တွေးမိပြန်သည်။
ပြီးတော့
ဒီကောင်လေးကို တကယ်ပဲ လိုက်ကြည့်နေမိတာလား?
ဘာလို့ လိုက်ကြည့်နေမိတာလဲ?
ဆိုတဲ့ အထိ တွေးမိပြန်သည်။
ဪ သိပြီ....ဒီကောင်လေး၏ အဖြစ်အပျက်လေးက သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေလို့ပဲ ငါသတိထားမိနေတာ ဖြစ်မှာပါ လို့ တွေးကာ စိတ်ပေါ့ပါးသွားရသည်။

"မင်းကလည်းကွာ
ယူရီလေးက သနားစရာကောင်းလွန်းလို့ပါ"

"မင်းတင်မကပါဘူး အာကာရာ
ငါတို့ တဆိုင်လုံးလည်း ယူရီ့ကို သနားကြပါတယ်။ချစ်လည်း ချစ်ကြတာပါပဲ။ဒါပေမယ့် မင်းက တနေ့ထက် တနေ့ ပိုကို ပိုလာတယ်။
အခုပဲ ကြည့်လေ အာကာ မင်း ဘာတခုမှ လုပ်မကူတော့ပဲ ယူရီ့ကို လိုက်ကြည့်တယ်။သူ့အကြောင်းတွေ လာလာပြောတယ်။
မင်းကူမလုပ်လို့ ငါ့မှာ ပင်ပန်းရတဲ့ကြားထဲ နားကညည်းသေးတယ်။
ဒီပုံအတိုင်းဆို ငါအလုပ်ထွက်မိတော့မှာနော် အာကာ"

"ဟာ ဟေ့ ဟေ့ ဝေယံ
ငါမင်းပြောသလောက်ကြီး ဆိုးနေလို့လား? ငါတောင်းပန်ပါတယ်ကွာ။
အလုပ်တော့ မထွက်ပါနဲ့။ငါအခုပဲ စားပွဲထိုးပြီနော် စားပွဲထိုးပြီ"

မြတ်နိုးခြင်းရိပ်မြုံ🔞(BL Fiction)Where stories live. Discover now