12

3.6K 166 5
                                    

သူရကမနက်မိုးလင်းသည်နှင့်အမြန်ပြန်လာဖို့လုပ်သည်။အမေကနေကောင်းရဲ့သားနဲ့သူ့အားလိမ်ခေါ်ခဲ့သည်လေ။သူ့မှာဒေါသထွက်လွန်း၍အသက်ပင်တိုတော့မလိုပင်။

'ငါ့ကိုမင့်သူငယ်ချင်းကphဆက်ပြီးတစ်ရက်လောက်ပြန်ခေါ်ပေးဖို့အသည်းအသန်တောင်းဆိုနေလို့ဟဲ့'

ဟူသောစကားကြောင့်သူ့မှာအားမာန်မျက်နှာကိုသေတဲ့အထိထိုးပစ်ဖို့တွေးလိုက်သည်။တော်သေးတာပေါ့အာဏာကိုအကူအညီတောင်းပြီးအာမာန်အမေကိုphဆက်ကာပြန်ခေါ်ခိုင်းခဲ့လို့ပင်။မဟုတ်ရင်ကလေးအတွက်စိုးရိမ်လွန်း၍သူသေသွားလောက်ပါသည်။အမေကအတင်းညအိပ်ခိုင်းတာကြောင့်အတင်းကြိတ်မှိတ်ကာအိပ်လိုက်ရသည်။မနက်ကျတော့အစောကြီးထပြီးခြံစောင့်ကိုတောင်မနိုးတော့ဘဲကားပေါ်တက်ကာအမြန်ပြန်လာဖို့လုပ်ရသည်။အရင်ဆုံးအားမာန်ဆီသွားရမည်။ကလေးရှေ့ရန်မဖြစ်ချင်တာကြောင့်ဒီမှာတစ်ခါတည်းစားရင်းရှင်းသွားရမယ်။

အစောကြီးရောက်တာကြောင့်အားမာန်ရဲ့အိမ်စောင့်များပင်နိုးသေးပုံပင်မပေါ်။သူရမှာမယဥ်ကျေးနိုင်တော့ပေ။ဒီကောင့်စောက်ခွက်အားထိုးရမှကိုနေသာထိုင်သာရှိတော့မည်။သူရမှာဒေါသထွက်ထွက်ဖြင့်ကားဟွမ်းကိုအကျယ်ကြီးဆက်တိုက်တီးပစ်လိုက်တော့ခြံစောင့်မှာအပြေးအလွှားလာဖွင့်ပေးရှာသည်။ခြံစောင့်ဦးလေးကြီး၏ပုံစံကြည့်ရသည်မှာအိပ်ယာထဲက,ကမန်းကတန်းထွက်လာပုံပေါ်သော်လည်းသူရမှာအားမနာနိုင်တော့။

"အကိုလေးသူရပါလားအကိုလေးအားမာန်အိပ်နေတုန်းထင်တယ်"

"ရတယ်ဦးလေးကျွန်တော်သွားနိုးလိုက်မယ်"

သူရမှာအားမာန်အခန်းရှိရာဆီအမြန်ပြေးတက်သွားကာအခန်းတံခါးကိုဆွဲဖွင့်လိုက်တော့အားမာန်နှင့်တန်းတိုးလေတော့သည်။

"သူရ...မင်းဘယ်လိုအစောကြီးရောက်လာတာပဲအတော်ပဲငါပါမင်းနဲ့လိုက်ခဲ့မယ်ငါ့အမေကဘာအကြောင်းမှမရှိပဲလွှမ်းလို့ခေါ်တွေ့တာတဲ့ထူးထူးဆန်းဆန်းတွေကွာ"

"ဒါ..ဒါဆိုငါ့အမေကိုphဆက်ပြီးငါ့ကိုအိမ်ပြန်ခေါ်ခိုင်းတာမင်းမဟုတ်ဘူးလား"

Playing With Fire (Complete)Where stories live. Discover now