၁၅

2.4K 430 17
                                    

အပိုင်း ၁၅



ဟူရင်းက ကားကို စူပါမားကတ်၏ အပြင်ဘက်တွင် ပါကင်ထိုးပြီးနောက် ကျိုင်ရှင်းချန်နှင့်အတူ ကား၏အ ပြင်သို့ လိုက်ထွက်သည်။သူ၏ အပြာရောင်စူပါကားက ဖြတ်သွားဖြတ်လာအများ၏ အာရုံကိုဆွဲဆောင်နေသည့်တိုင်အောင် ဟူရင်းကမူ ထိုအတွက်ကြောင့် ခေါင်းကိုပင် ပင့်၍ မော့ထားသေးလေသည်။ သူက လွပကာ မာနကြီးသော ဥဒေါင်းဖိုလို နေကာမျက်မှန်ကို တပ်လိုက်သည်။

ဟူရင်း၏ အနောက်မှ လိုက်သွားသော ကျိုင်ရှင်းချန်က သစ္စာရှိသော ကိုယ်ရံတော်လို ခံစားချက်မျိုးကို ရနေသည်။ ဟူရင်းနဲ့သာအတူရှိနေရင် အသိစိတ်ရဲ့ အစိမ်းရောင်သစ်ရွက်လေးတွေက တအားကို အရေးကြီးနေပြီ

သူက အရှင်သခင်ပန်းပွင့်ကို လိုက်ပါပို့ဆောင်ရတဲ့သူလိုပါပဲ

အပြာအနီသငေ်္ကတ၏ ဧည့်သည်ရှစ်ယောက်တွင် ပရိုဂရမ်အဖွဲ့က cp lineကို ခုနှစ်တွဲအတွက် ဆွဲပေးထားသဖြင့် လူတိုင်းပတ် ရှစ်သလိုပင် ဖြစ်နေသည်။ထိုcpများထဲတွင် လက်ရှိတွင် ယန်ကျစ်နှင့်ဟူရင််းက ပရိတ်သတ်အများဆုံးအတွဲဖြစ်သည်။ အချို့အတွဲများကမူ ဖြစ်နိုင်ချေမရှိသော ဟူရင်းနှင့် ၀မ်နော့ နှင့် သူနှင့် ဟူရင်းတို့အတွဲကဲ့သို့ ပရိတ်သတ်အလွန်နည်းသည်။

သူတို့အားလုံးကလည်း ဟူရင်းက ကြိုက်တတ်တဲ့ အရသာကို သိထားကြတယ်( သူကြိုက်တဲ့ပုံစံကို ပြောတာပါ)ကျိုင်ရှင်းချန်က သူရဲ့ ရွေးချယ်မှုအမျိုးသားစာရင်းထဲမှာတောင် မပါလောက်ဘူး

ထိုကြောင့်ယခုလို ပစ္စည်းထွက်၀ယ်သော ခရီးတွင် ပရိုဂရမ်အဖွဲ့က သူတို့ကို လက်ကိုင်ကင်မရာသာ ပေးလိုက်ပြီး ဓာတ်ပုံလိုက်ရိုက်ရန်ပင် လူမထည့်ပေးလိုက်ချေ

သည်နေ့အတွက် ကျိုင်ရှင်းချန်က ၀ယ်သော ပစ္စည်းများက ထူးခြားသည်။ သေချာစွာပင် အစားအသောက်ပွဲကြီးတစ်ခုကို မြင်ရတော့ပေမည်။

"ငါတို့ ဒီနေ့ ဘာစားချင်လဲလို့ မင်း ဘာလို့ မေမးတာလဲ"

ဟူရင်းက ပြောသည်။

"ဒီနေ့ လူတိုင်းက ဘလိုင်းဘောက်စ်ကို ဖွင့်ရလိမ့်မယ်"

ကျိုင်ရှင်းချန်က အပြုံးနှင့် ဆက်ပြောသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now