🌻1🌻

241 40 10
                                    

Zawgyi

"ယွန်း နေလို့မကောင်းဘူးလား ''

"ယွန်း...''

"ဟင်..ဗျာ..အကိုဂျင် ဘာပြောလိုက်တာ ''

"စိတ်တွေဘယ်ရောက်နေတာလဲ ယွန်း ။ကိုယ်မကြိုက်ဘူးနော် ''

"အာ..ဒီ..ဒီတိုင်း ဂျယ်ဂျွန်းအတွက် စိတ်ပူလို့ပါ''

ယွန်းဂီမှာ မလိမ်တက်လိမ်တက်ဖြင့် ယောကျာင်္းဖြစ်သူ ကင်ဆော့ဂျင်အား လိမ်လိုက်မိတော့သည်။ မင်္ဂလာပွဲက ပြန်လာကတည်းက သူ့စိတ်တွေဂယောက်ဂယက်ဖြစ်နေသည်မှာ အိမ်ကိုပြန်ရောက်သည်ထိ မတည်ငြိမ်နိုင်သေး။ဘာလို့အဲ့လိုဖြစ်နေရလဲဆိုတာ သူ့ပဲနားလည်တာမို့ ဘယ်သူ့ကိုမှလည်း ရင်ဖွင့်လို့မရခဲ့။အကယ်၍ အကယ်၍သာ ဂျောင်ကုအမေက ငြိမ်းချမ်းနေတဲ့သူတို့မိသားစုလေးအား  ထပ်ပြီးပဲပြသာနာလာရှာလေမလား။ပြီးတော့ ဂျောင်ကုကရော ဘာလို့ရုတ်တရက်ကြီး အမေရိက ကနေပြန်လာခဲ့တာလဲ။အတွေးပေါင်းစုံက သူ့ခေါင်းထဲသို့ တန်းစီရောက်လာခဲ့တော့သည်။

"ပါးပါး နဲ့ ဒယ်ဒီ သားသားရောက်ပြီ ''

ဟိုဂျင်းလေးမှာ မူကြိုကျောင်းက ပြန်လာသည်နှင့် လွယ်အိတ်ကိုတောင် မချွတ်နိုင်သေးပဲ သူ့ပါးပါးတို့ ရှိရာအခန်းထဲသို့ အပြေးလာကာ သူ့လက်ထဲမှာ ကိုင်ထားသော ပန်းချီပုံလေးအား ဆော့ဂျင်ဆီသို့လှမ်းပေးလိုက်သည်။

"ဝါး...ကင်ဟိုဂျင်း ပထမဆု ''

"အင်း..သားက တော်တယ်မို့လား ''

"တော်တာပေါ့ ဒယ်ဒီသားက အတော်ဆုံးပဲ ''

ဆော့ဂျင်မှ ပန်းချီပြိုင်ပွဲတွင် ပထမဆုရလာသော သားဖြစ်သူကိုကြည့်ကာ ဂုဏ်ယူမဆုံးဖြစ်လို့နေသည်။

"ယွန်း ကြည့်ပါအုန်း ကိုယ်တို့သားလေးက ဘယ်လောက်တောင်တော်လဲ''

"အဲ့ဒါ ယွန်းနဲ့တူလို့လေ''

"ဟာ..ကိုယ်နဲ့ပိုတူတာပါ''

"ယွန်းနဲ့ပိုတူတာပါ''

"ရုပ်ချောတာကတော့ ကိုယ်နဲ့တူတာ ''

"အဲ့ဆို ယွန်းကရုပ်ဆိုးတယ်ပေါ့ !''

"အာ...ကိုယ်က အဲ့လိုပြောချင်တာမဟုတ်ဘူး ''

You've reached the end of published parts.

⏰ Last updated: Feb 10, 2023 ⏰

Add this story to your Library to get notified about new parts!

Another One Where stories live. Discover now