ep.8

50 8 0
                                    

*သား ဒယ်ဒီ အလုပ်တွေကို ဦးစီးဖို့ အချိန်တန်ပြီထင်တယ် နော်..*

မနက်စာ စားနေရင်း ဒယ်ဒီက ပြောလာသည်။
နှစ်လ လောက်ကြာမြင့်ခဲ့ပြီထင်၏။ဒယ်ဒီလုပ်ငန်းတွေကို မဦးစီးခင် သူ ထပ်မံအနားယူနေခဲ့တာ။

*ရှင်ကလည်း သားလေးကို အနားပေးလိုက်ပါအုန်းလား..*

*ငါက အသက်ကြီးလာပြီလေ .ဒီအလုပ်တွေ မလုပ်န်ုင်တော့ဘူး..အကုန်လုံးသားကိုဘဲ လွှဲပေးမှာ...*

*သား နားလည်ပါတယ် ဒယ်ဒီ...သား မနက်ဖြန်ကစပြီး အလုပ်ဝင်မှာပါ...*

လက်ကျန်ကော်ဖီကိုသောက်ရင်း သူဖြေလိုက်သည်။မာမီက မျက်စောင်းလေးဝံ့လိုက်တော့ သူ ရယ်လိုက်သည် ။

*ဒါဆို ဒယ်ဒီ အတွင်းရေးမှူးကို အကြောင်းကြားထားပေးမယ်..*

*ဟုတ်ကဲ့....ဒါနဲ့ ဒယ်ဒီ..*

*အင်း...ပြောလေ..*

*ဟို...ဒယ်ဒီ အန္ဒအတိုင်း သား လုပ်ပြီးပြီဆိုတော့ မာရီယာနဲ့ သားကိစ္စ...*

*သား ချစ်သူက သားကိုအဆက်သွယ်လုပ်လို့လား..*.

ကော်ဖီခွက်ကို ဖြေးညင်းစွာချရင်း ဒယ်ဒီက အေးဆေးစွာပြောလာသည်။
သူ့ကို မဆက်သွယ်တာဒယ်ဒီက ဘယ်လို သိနေတာလဲ။

*ဒါပေမယ့်...*

*သူ့သတင်းတွေကို ကြားရတာ တခုမှမကောင်းဘူး သား...*

အရင်တိုင်းဘဲ ဒယ်ဒီက သဘောတူဖို့ ဆန္ဒမရှိဘူး။

*ဒယ်ဒီ သားကို ကတိပေးထားတယ်လေ...မေ့သွားတာတော့မဟုတ်ဘူးမလား.*

*မမေ့ပါဘူး..ဒါပေမယ့် သားအပေါ် သစ္စာမရှိတဲ့ မိန်းကလေးကို သားက ပတ်သတ်အုန်းမလို့လား...*

*တကယ်ဆို သားကမှားတာလေ .သားကသူ့ကို အရင် အဆက်သွယ်ဖြတ်ခဲ့တာကို...အခုလည်း သား ကြိုးစားပြီး သူ့ကိုရှာမှာပါ .ဒယ်ဒီ စကားကိုသာ မေ့မသွားနဲ့...*

ပြောချင်တာကပြောပြီးjungkook စားပွဲဝိုင်းက ထွက်လာခဲ့သည်။
ဒယ်ဒီတောင် သိနေတယ်ဆိုတော့ သူတို့ ရှေ့ဆက်ဖို့က မလွယ်ပြန်ဘူး။
ဒါပေမယ့်လည်း သူ့ဆုံးဖြတ်ချက်ကပြင်မှာမဟုတ်ပါဘူး။သူ မာရီယာ ကိုဘဲ လက်ထပ်မှာ။

The Beginning Of the end(Completed)Where stories live. Discover now