အပိုင်း (၁၉)

213 8 0
                                    

“ညဘက်ကြီး‌ဘယ်သွားတာလဲ”

“ခက်ဆစ် ဆီ”

ကြားဖူးသလို သိသလို ရှိနေပေမဲ့ မင်းသု ကိုယ်တိုင် ပြန်တွေးမရ။
ထိုနာမကိုကြားသည်နှင့် လန့်သွားမိသလို
ရင်ဘတ်ထဲက အောင့်လာသည်။

“သူကဘယ်သူလဲ ”

“ကိုယ်တို့သူငယ်ချင်းလေ ဘေဘီရာ ကျောင်းတူတူတက်လာကြတာလေ ကိုယ်တို့က”

“အော်...”

“.....”

“သူ့အကြောင်းငါ့ကိုပြောပြလို့ရလား ပြီးတော့ ငါတို့နဲ့ ပတ်သတ်ဖူးတဲ့အရာတွေရော”

“ဘာလို့လဲ ဘေဘီ”

“သူ့နာမည်ကိုကြားဖူးသလိုသိနေသလိုပဲ
ပြီးတော့ အဲ့နာမည်ကိုကြားလိုက်တော့
ငါဘယ်လိုကြီးဖြစ်သွားလဲမသိဘူး
ရင်တွေနာလာသလိုပဲ”

“ဘေဘီ!!”

အတိတ်ကိုပြန်လည်မှတ်မိနိုင်မည့် အခွင့်အရေးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာချေသည်။

“ပြောချင်ရဲ့လား”

“ဒါပေါ့ ဘေဘီရဲ့ ကိုယ်ရယ်သူရယ်က
အရင်တုန်းက ရွာမှာအခင်ဆုံး
သူငယ်ချင်းတွေ ငယ်ငယ်ကတည်းက ခင်ကြတာ ကိုယ့်အသက် ၁၉,၂၀ လောက်မှာ
မြို့က ဖေဖေရဲ့အမေ ကိုယ့်အဖွားက
ကိုယ့်ကိုပြန်လာခေါ်သွားတာ
သဘောမတူတဲ့လူနဲ့ယူလို့ဆိုပြီး ဖွားကဖေဖေ့ကိုအမွေပြတ် စွန့်လွှတ်ထားတာလေ
ဖေဖေရောမေမေရော ဆုံးသွားတော့
ဖွားက ကိုယ့်ကိုမြို့ခေါ်သွားတယ်
အဲ့ကတည်းက ကိုယ် ခက်ဆစ်နဲ့ ‌ကွဲသွားတာပဲ နောက်ပြီး ကိုယ်သိလိုက်ရတဲ့ အမှန်တရားတစ်ခုလည်း ရှိသေးတယ် ဘေဘီ”

“ဘာကြီးလဲဟင်”

“ကိုယ် ခက်ဆစ်ကို သိပ်ချစ်တယ်ဆိုတာပဲ”

မင်းသု တစ်ချက် တောင့်ခနဲဖြစ်သွားရသည် မထင်မှတ်ထားတာကို ကြားလိုက်ရသလိမျိုး တောင့်ခဲသွားသည်
ရင်ဘတ်ထဲကလည်း တင်းကြပ်လာသလို
စိတ်ထဲလည်း တစ်ခုခုလပ်ဟာသွားသလိုခံစားလိုက်ရသည်။

“နေ့တိုင်းတွေ့ချင်တယ် စကားတွေပြောချင်တယ် ပြီးတော့ အမြဲလွမ်းနေခဲ့ရတာ
အဲ့‌တာကြောင့် ကိုယ်သူ့ကို သိပ်ချစ်နေမိပြီဆိုတာ သေချာခဲ့တယ်”

" ‌သက်ဆိုင်သူမောင် "Where stories live. Discover now