>1<

1K 89 12
                                    

Rain on me,your lips

UNICODE
Thu, 9Feb 2023
RMYL
Story by Belle

နှစ်ထပ်အိမ်တော်ရဲ့ကြမ်းပြင်က Glass plate တွေဟာနေ့တိုင်းသန့်ရှင်းရေးလုပ်ထားတာကြောင့် မှန်ကြည့်လို့ရလောက်အောင် ပြောင်လက်နေတယ်။လက်ရာမြောက်ပြီး ရွှေရောင်တောက်နေတဲ့လက်ရန်းနဲ့ကြီးမားကျယ်ပြန့်တဲ့ ကတ္တီပါအနီခင်းလှေကားကြီးရဲ့အဆုံးကိုမော့ကြည့်တဲ့အခါနံရံတစ်ခုလုံးအ​ပြည့်နေရာယူထားတဲ့ပန်းချီကားကြီးတစ်ချပ်ရှိပြီး အဝိုင်းသဏ္ဍာန်ရှိတဲ့အပေါ်ထပ်အတွက် လှေကားဟာ ပန်ချီးကားကြီးရဲ့ဘယ်ညာအစွန်နှစ်ဖက်ဘေးကနေကပ်လျက်ကျောခိုင်းခွဲဖြာသွားပြီးနောက် ကြည့်လိုက်တဲ့အခါ နေရာတိုင်းဟာအိမ်တော်ရဲ့ ချမ်းသာကြွယ်ဝမှုကိုပြောပြနေသယောင်ထင်ရတယ်။

ရှေးဟောင်းလက်ရာအတော်များများသိမ်းဆည်းခံရပြီး မျိုးဆက်လေးဆက်အထိတည်ရှိခဲ့တဲ့ အိမ်တော်တစ်ခုလုံးကို ကြိုးကြိုးစားစားသန့်ရှင်းပြီးတဲ့နောက်မှာတော့ အိမ်ကအစေခံတော်တော်များများဟာ ပန်းခြံထဲမှာထပ်ပြီးအလုပ်ရှုပ်နေကြပြီ။အန်တီယုသာ ချက်ပြုတ်ဖို့အတွက်မီးဖိုချောင်ထဲမှာ ရှိနေတာဖြစ်တယ်။

"အန်တီယု ဒီနေ့ဘာချက်မှာလဲ"

ရှောင်းကျန့်က မီးဖိုဆောင်တံခါးဝမှာရပ်နေတယ်။အခုမှအိပ်ယာကထလာတာကြောင့် သူ့မျက်နှာကပျင်းရိပုံပေါက်နေပြီး အင်္ကျီလက်တွေကိုခေါက်တင်နေချိန် သူ့မျက်လုံးတွေက မှေးကျဥ်းနေတုန်းပဲ။

မကြာသေးခင်က B မြို့တော်မှာရှိတဲ့လုပ်ငန်းစုရဲ့အခွဲတစ်ခုက ထုတ်ကုန်အရည်အသွေးပြဿနာကိုရင်ဆိုင်ခဲ့ရတာကြောင့် လုပ်ငန်းစုရဲ့ဝန်ထမ်းအချို့ကိုပြန်လည်ဖာထေးနေရာချနိုင်ဖို့ကြိုးစားခဲ့ရပြီး၊ သူတို့ရဲ့ပိုင်ဆိုင်မှုပမာဏကိုထိခိုက်လာမှာကြောက်တဲ့ ထိပ်ပိုင်းရှယ်ယာရှင်တွေရဲ့မငြိမ်သက်မှုတွေနဲ့ လုပ်ငန်းစုစျေးကွက်ပြန်တည်ငြိမ်ဖို့ဖြေရှင်းနေရတာတွေအကုန်လုံးကအခြေမကျနိုင်သေးတာကြောင့် ရှောင်းကျန့်ညတွေမှာစောစောအိပ်ခွင့်မရတော့တာကြာပြီ။

"ကျန့်ကျန့် နိုးပြီလား...

အန်တီယုကဘေစင်မှာရပ်နေတာဖြစ်ပြီး သူ့ကိုလှည့်ကြည့်လာပြီးနောက် ငါးအကြေးခွံခွာနေတာကို အဆုံးသတ်ဖို့တစ်ဖက်သို့ပြန်လှည့်သွားတယ်။

Rain on me,your lipsWhere stories live. Discover now