Part-39

784 21 4
                                    

                  အဂ္ဂတို့လေးယောက်လုံး creamအပြန်အလှန်သုတ်ရင်း အော်ရယ်နေကြစဉ် ခြံတံခါးဖွင့်သံကြားလိုက်ရသည်။ကြည်လင်ပြတ်သားသောအသံနှင့်အတူ အသံသေးသေးလေးပါ ကပ်ပါလာသည်။လွန်းသည် သူနှင့်ရင်းနှီးနေသော အသံသေးသေးလေးအားအာရုံစိုက်ကာ နားထောင်နေမိသည်။အသံများတိတ်သွားခြင်းနှင့်အတူ ပြေးလာနေသောခြေသံများသည် သူတို့ဆီသို့ဦးတည်လာ၏။

“မောင်မောင်!”

                    ဧည့်ခန်းထဲသို့ လွန်းနာမည်အားခေါ်၍ ပြေးလာသောခြေသံသေးသေးလေးအား လှည့်ကြည့်လိုက်ကြသည်။ထိုကလေးသည် သူတို့လေး‌ယောက်အားမြင်သောအခါ မတ်တပ်ရပ်နေရင်းကပင် ကြောင်ကြည့်နေသည်။လွန်းက ထိုင်နေရာမှထသွားပြီး.....


“ရာရာလေး! လာ‌ပါဦး မောင်မောင့်ဆီကို....”


                လွန်းသည် လက်ဆန့်တန်း၍ ‌ရာရာ့အားခေါ်လိုက်သည့်အခါ ပါးစပ်ထဲတွင် မုန့်များပြည့်နေ၍ အသံဩဩကြီးသာထွက်လာ၏။


“အားးး! သရဲ သရဲ! ဦးရေ ကယ်ပါဦး၊ဒီမှာသရဲတွေအများကြီးပဲ”

               ရာရာက လွန်းအားမြင်မြင်ချင်းကြောင်ကြည့်နေသေး၏။ခဏအကြာမှ အသံကုန်အော်ကာ ခေတ်ဟန်ဆီသို့တန်းနေအောင်ပြေးလေတော့သည်။လွန်းလည်း ထိုနေရာတွင်ကြောင်တောင်လေးရပ်နေရင်း အဂ္ဂတို့သုံးယောက်ဆီသို့လှည့်ကာ သူ့ကိုယ်သူလက်ညှိုးထိုးလိုက်ရင်း.......

“ဟင်! သရဲ....ရာရာပြောတဲ့သရဲက ကျွန်တော်လား”


သုတက ခပ်ကြိတ်ကြိတ်ရယ်လိုက်ရင်း.....


“မင်းပဲရှိတာလေ၊မင်းကိုပဲပြောတာပေါ့”


»»»»»»»

                ခြံစောင့်ဦးလေးကြီးနှင့်စကားပြောပြီးချိန် သူ့နာမည်အော်ကာ ပြေးလာသောရာရာ့အား ပြေးချီထားမိသည်။သူချီထားသည့်တိုင် ရာရာလေးကအကြောက်မပြေသေးပေ။အကြောက်ပြေလျော့စေရန် ကျောလေးအားခပ်ဖွဖွသပ်ပေးလိုက်ရင်း.......

“သရဲကတကယ်မရှိပါဘူး ကလေးရဲ့”


“ရှိတယ်လို့ အင့်! အိမ်ထဲမှာ...”


ချစ်ခြင်းတည်စေWhere stories live. Discover now