Part-8

362 50 15
                                    


Unicode

Christmas ကျောင်းပိတ်ရက်က မျော်လင့်ထားတဲ့အတိုင်း Tae နဲ့ လျှောက်လည်တာတို့ မုန့်အတူသွားစားတာတို့ နှင်းလျောစီးတာတို့ အတူတူလုပ်ခဲ့တာလို့ ထင်လား အဝေးကြီးဘဲ မောင်မင်းကြီးသားက ဖုန်းလေးနဲ့တောင် အဆက်အသွယ်မလုပ်ခဲ့ဘူး
မျော်လင့်ထားသလို ဖြစ်မလာပေမယ့် ကျောင်းဖွင့်ရက်ရောက်လာလို့ ကျောင်းကတော့ လာရတာပါဘဲ ကျောင်းပိတ်ရက်တွေကလဲ မြန်လိုက်တာ
ကျောင်းရောက်လို့ ကျောင်းသူကျောင်းသားအုပ်ထဲ မျက်လုံး ပြေးလွားကြည့်တော့ တွေ့ပါပြီ ရှည်နေတဲ့အရပ်ကြောင့် ခန့်ခန့်ညားညားနဲ့ ထိုးထွက်နေတဲ့ Tae

"Tae.....Tae ငါဒီမှာ "

"..........."

"ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ"

"အော် ဘာများလဲလို့ သခင်ကိုပြေးကြိုတဲ့ ခွေးပေါက်လေးပါလား"

"ကျောင်းပိတ်ရတ်တစ်လျောက်လုံးဖုန်းလဲမဆက်ဘူး စာလဲမပို့ဘူးလေ"

".........."

"Tae ဘာတွေလုပ်နေတာလဲ"

"အာ စိတ်ရှုတ်စရာကောင်းတဲ့ စာတွေပို့နေလို့ ဖုန်းပိတ်ထားတာ"

"ရက်စက်လိုက်တာ"

"ဟေ့ဟေ့ မင်းကိုပြောတာ မဟုတ်ဘူး"

"ဟီးးးး"

"မင်းရော ဘာတွေလုပ်နေတာလဲ မဟုတ်မှ ငါ့ကိုလွမ်းလို့ငိုနေတာလား"

"ဟေး မဟုတ်တာ ဒီမှာလေ Tae ပေးထားတဲ့ လည်ဆွဲလေးရှိတယ်လေ Tae ပြောထားတဲ့စကားတွေကိုမှတ်မိတယ်လေ"

"ဟမ်"

"ငါက Tae အပိုင်ဆိုတာလေ"

"အော်"

"Taeကျေးဇူးတွေကြောင့် စိတ်ထဲရော အပြင်မှာရော စိတ်ချမ်းသာပျော်ရွှင်စွာ ရှိခဲ့ပါတယ်နော်"

"တော်တော်ပျော်နေတာဘဲ ဒါပေမယ် မင်းကိုလွတ်ပြစ်လိုက်လဲ ငါ့လုပ်ချင်သလိုလုပ်လို့ရတယ်ဆိုတာဘဲ အဲ့ဒီအချိန်ကျရင် ဒါတွေက ဘာမှအဓိပ္ပာယ် ရှိတော့မှာမဟုတ်ဘူး "

အာ့ ရက်စက်လိုက်တာ ဒါပေမယ့်လဲ မင်းစိတ်ထဲ ငါ့ကိုတန်ဖိုးထားတယ်ဆိုတာ ငါသိပါတယ် ငါကြိုးစားပါ့မယ် မင်းရဲ့ မြေခွေးလေးကနေ မင်းရဲ့ကောင်လေးဖြစ်ဖို့

You've reached the end of published parts.

⏰ Last updated: Feb 06, 2023 ⏰

Add this story to your Library to get notified about new parts!

WOLF BOY & BLACK PRINCEWhere stories live. Discover now