{ Fiction တစ်ခုလုံး စာရေးသူရဲ့ စိတ်ကူးတွေသာဖြစ်ပီး လက်တွေ့ဘဝ ၊ သမိုင်းကြောင်းများနဲ့ ကွဲလွဲနိုင်ပါတယ်..အမှားပါရင် ခွင့်လွှတ်ပါရှင်}1942ခုနှစ်တွင်အခြေခံသည်
"သည်းငယ်"
ကြားလိုက်ရသည့်ရင်းနှီးနေသောအသံကြောင့် Yedam လှည့်ကြည့်လိုက်သည်.. Yedam ရဲ့နှလုံးသား သခင်ကတော့ ပကတိတည်ငြိမ်လျက်
မဟူရာ ရောင်ဆံနွယ်တို့က နဖူးပေါ်တွင် ခပ်ဝဲဝဲ အုပ်ကျလို့နေသည်.. ထူထဲတဲ့ မျက်ခုံး ပါးလျလျ နှုတ်ခမ်းပါးဟာ Yedam ရဲ့ မြတ်နိုးရာ.. နှုတ်ခါးပါးအောက်နားက မှဲ့နက်ကလေးကတော့ Yedam ရဲ့ အားနည်းချက်ပင် ..
"ဗျာ .. ဘာပြောမလို့လဲ အကို"
အကိုက Yedam ဘေးမှာ ဝင်ထိုင်ရင်း ပေါင်ပေါ်ကို ခေါင်းအုံးကာ လှဲချလိုက်သည်.."မနက်ဖြန် ကိုယ်တို့ အိမ်ထောင်သက်တမ်း ၁နှစ်ပြည့်ပီ
နော်"
"ဟုတ်တယ်လေအကိုရဲ့ အဲ့အတွက် ကလေးတွေကိုလှူဖို့တာင်ပြင်ဆင်ပီးနေပီကို "အကိုက ခေါင်းငြိမ့်ရင်း Yedamမျက်နှာကိုသာ ငေးကြည့်နေသည်
"ပြောစရာရှိလို့လားအကို?"
"ပြောစရာက ရှိတယ် ဒါမဲ့ မနက်ဖြန်မှပြောတော့မယ် "Yoshinoriဟာ အမြဲအဲ့လိုပါပဲ .. လူကို တအား သိချင်အောင်လုပ်တာ.. ဒါပေမဲ့လဲချစ်ရပါတယ်လေ ။ ထိုစဉ် အကိုပြောလာသော စကားကြောင့် Yedam မျက်ခုံး အစုံမြင့်တက်သွားသည်..
"ကိုယ်တို့ ဂျပန်ကိုပြန်ရအောင် ... ကိုယ်ပြန်ရမဲ့ အချိန်ရောက်နေပီ"
ထူးထူးဆန်းဆန်းတွေပြောနေသော အကို့ ကိုငေးကြည့်ရင်း
"ဘာလို့လဲ အကို?"
" မနက်ဖြန်ကျရင် သည်းငယ်သိရမှာပါ"အထူးအဆန်း တွေ သိပ်လုပ်တဲ့ အကိုဟာ ဒီတစ်လဲ ဘာတွေကြံနေပီလဲမသိဘူး.. အကို့ကို ထပ်ပီး မေးခွန်းမထုတ်တော့ပဲ မျက်နှာ နုနုကိုသာ ငေးကြည့်နေမိသည်
ကြည့်ကောင်း လွန်းတဲ့ အကို့ဟု သိပ်အိန္ဒေကြီးသည်။ အကို့အပြုအမူတွေနဲ့ သွားလာပုံတွေဟာ စမ်းချောင်းလေးစီးဆင်းသလို ငြင်သာပျော့ပျောင်းနူးညံ့သည်။ နူးညံ့သည့်အပြုံးက အကို့မျက်နှာထက်မှာ ဘယ်သောအခါတွင်မှ ပျောက်ကွယ်မသွားဖူးပေ..