Part-12

244 20 0
                                    


အမွှေစိန်လေးများနှင့်ကျောင်းတွင်းအရှုပ်တော်ပုံ (Yizahn fic) {12}

စကားကို ယတိပြတ်ပြောလို့ လှည့်ထွက်သွားတဲ့ မုံ့ယောင်
ဟိုက်ခွမ်းကတော့ နားမလည်နိုင်တဲ့ မျက်နှာပေးနဲ့ပဲ ကျန်ခဲ့တယ်

ငါဘာများမှားလို့လဲ...

"ကွန်ဂရက်ကျူရေးရှင်းပါ ငါ့EXကြီးရေ မင်းလည်း ခုသူများရဲ့နွားဖြစ်ပြီပေါ့နော်
ရိုးရိုးနွားတောင် မဟုတ်ဘူး မင်းကနွားကောင်းနွားသန့်ထဲက ဟားဟား.."

နောက်ကနေ မထိခလုတ်ထိခလုတ်စသွားတဲ့ ဝမ်ကျိုးချန်ကြောင့် ဒေါသထောင်းခနဲထွက်သွားပါသော ဟိုက်ခွမ်း.

ဝမ်ကျိုးချန်ကတော့ စကားနိုင်လုသွားရလို့ ကျေနပ်သွားပါသတဲ့..။

မျက်နှာကြီးပြုံးဖြီးလို့ စာသင်ခန်းထဲ ဝင်လာတဲ့ကျိုးချန်ကို တအံ့တဩငေးကြည့်နေကြတဲ့ သူငယ်ချင်းတစ်စု..

Yb,,"ဟေ့ကောင် ကျိုးချန် မင်းရည်းစားသစ်ထပ်ရလာလို့လားကွ"

Zhao Chen,,"ဖီ.. ဘယ်ကသာ ဒီမှာ ငါကျောင်းထဲဝင်လာတော့ မုံ့ယောင်က ဟိုက်ခွမ်းကို လမ်းခွဲစကားပြောနေတာ တွေ့တယ်ဟ အဲဒါ ငါက နည်းနည်း အငြှောင့်ထောင်ပေးလိုက်ရုံပဲ ဟဟ"

Xz,,"အေးပါ သူများအတွဲကို လိုက်ဖျက်နေလို့လည်း မင်းကို ကြိုက်မယ့်သူမရှိတာ ဟေ့ကောင်ရေ ."

Zhao Chen,," ဟက်!. ဖော်အဲဗားအုန်းလီးဝမ်းအစ်သယ်ဘတ်စ် တဲ့ ဟဟ"(Forever only one is the best)

Yubin,," အမယ်လေးဟဲ့ ရိုးရိုးတန်းတန်းပြောလည်းရပါတယ်တော်.. ဘိုလိုလာမှုတ်နေတယ်.."

Fang Xin,,"ဟုတ်ပ ကိုကိုရေ.."

တစ်ယောက်စကား တစ်ယောက် လိုက်ပြီးထောက်ခံနေတဲ့ RSတွေကို မျက်စောင်းထိုးလို့ အတန်းရဲ့နောက်ဆုံးခုံမှာ သွားထိုင်ပါသော ဝမ်ကျိုးချန်

Yb,,"ဟေ့ကောင် ဒီမှာလာထိုင်လေ ဘာလို့ နောက်ဆုံးတန်းကြီးမှာ ထိုင်မှာတုန်း.."

Zhao Chen,,"မင်းတို့$Rsတွေကို အလုံးနောက်လို့ ငါ့ဘာသာ ဒီမှာ တစ်ယောက်တည်းပဲ ထိုင်တော့မယ် လဒအပေါင်းတို့ရေ.."

ကျိုးချန်ရဲ့အ‌ဖြေကို သဘောကျတာကြောင့် လေးယောက်သားရယ်လိုက်ကြသည် မကြာခင်မှာ ကျောင်းခေါင်းလောင်းထိုးပြီး ဆရာဝင်လာ၏

အမွှေစိန်လေးများနှင့်ကျောင်းတွင်းအရှုပ်တော်ပုံDonde viven las historias. Descúbrelo ahora