17. အော်ဖစ်ရှယ်ယောင်္ကျား

75 19 6
                                    

ထယ်ယောင်းရေချိုးခန်းထဲကပြန်ထွက်လာတော့ အနောက်တိုင်းဝတ်စုံကိုအပေါ်ကုတ်သေချာဝတ်ထားပေမယ့် အောက်မှာတော့ရေလဲပုဆိုးကြီးနဲ့လက်ထဲမှာလဲနက်ခ်တိုင်ကြီးကိုင်လို့.....

"အမောင်ဂျင် အဆင်ပြေရဲ့လား"

"မပြေဘူး အရမ်းခက်တယ်"

ဂျင်တစ်ယောက်အပေါ်ကုတ်ကိုသေချာဝတ်ထားပီး နက်ခ်တိုင်မချည်တတ်လို့ဒုက္ခရောက်နေသည့်အပြင်ခါးပတ်ပါမပတ်တတ်တော့ဒေါသကထွက်နေလေပြီ ဒါကိုအဆင်ပြေရဲ့လားလာလဲမေးရော ဒေါသထွက်ထွက်နဲ့အော်ချလိုက်မိသည်

"အဲ ကန်တော့ကန်တော့ သခင်ကြီး ကျနော်ဒေါသထွက်သွားလို့"

"နက်ခ်တိုင်မချည်တတ်လို့မလား လာ ကျုပ်ချည်ပေးမယ်"

လက်ထဲကနက်ခ်တိုင်ကိုယူပီး သေသေချာချာလေးဂရုတစိုက်ချည်ပေးနေတဲ့သခင်ကြီးကိုကြည့်ရတာဘယ်လိုတောင်ကံကောင်းခြင်းမျိုးပါလိမ့်....

"ဘာတွေများစိတ်ဝင်စားစရာရှိနေလို့အဲ့လောက်ကြည့်နေရတာလဲအမောင်ဂျင် ကျုပ်ကိုမင်းပိုင်ပီးသားပဲဟာ"

"အယ်ဗျာ"

နက်ခ်တိုင်စည်းပေးနေတာကိုအနှီလူသားလေးမှာလူကိုလာပီးငေးကြည့်နေသတဲ့လေ မေးလိုက်တော့ရှက်သွားသည်ထင်ပါရဲ့ သူ့ခေါင်းလေးသူကုတ်လို့....

"ကဲပြီးပြီ"

ဂျင်တစ်ယောက်နာရီဝက်နီးပါးစည်းနေရတဲ့နက်ခ်တိုင်ကထယ်ယောင်းစည်းပေးတော့ခဏအတွင်းမှာပဲပြီးသွားခဲ့လေပြီ...

"အောင်မလေးဗျာ သခင်ကြီးကတကယ်တော်တာပဲ"

"ဒီကလေးတော့လူကိုမြှောက်လားပင့်လားနဲ့ ကဲကျုပ်အဝတ်အစားလဲပီးလိုက်ခဲ့မယ် အောက်မှာစောင့်နေ ဟုတ်ပလား"

"ဟုတ်ကဲ့သခင်ကြီး"

အနောက်တိုင်းဝတ်စုံဝတ်လိုက်တော့ကလေးလေးနှင့်တူသည့်သူ့အသည်းညှာကခုတော့ရင့်ကျက်တဲ့လူကြီးတစ်ယောက်နှယ်......

မဟီမြနန်းမှချစ်လိပ်ပြာ(taejin)Where stories live. Discover now