၁၆

2.2K 414 5
                                    

    ဂျင်းကို လှီးနေသော ကျိုင်ရှင်းချန်က ခေါင်းကို ငုံ့ချလိုက်ချိန်တွင် မျက်နှာရှိ အပြုံးက သိသာ ထင်ရှားလျက် နှုတ်ခမ်းပါးများကလည်း ကော့တက်သွားသည်။
သူ ဟူရင်းရဲ့ ခံစားချက်ကို နားလည်နိုင်တယ်
သူက အတက်ကြွဆုံးပဲ
ဟူရင်းကတံခါးဝသို့သာ ရောက်သေးသည် ပရိုဂရမ် အဖွဲ့က သူ့ထံ ထီးယူလာပေးသည်။
“ ခင်များတို့ ကျွန်တော့်ကို သေချာသိတာပဲ”
ဟူရင်းက ပြောလိုက်သည်။

သူက ဆံပင်ကို ချထားပြီး သိုးမွှေးဆွယ်တာကို ၀တ်ထားသည်။ သူက သူရဲကောင်းလည်းဆန်သလို လှပလွန်းနေသည်။ သူက ပြုံးလိုက်သည့်အခါ ပရိုဂရမ်အဖွဲ့သားက သူ့ကို မျက်နှာလုံးချင်းဆုံပြီး ယှဉ်မကြည့်ရဲတော့ချေ။
ဒွိလိင်တွေရဲ့ အလှကို အဖြောင့်ကောင်တွေ တောင့်မခံနိုင်ဘူး
ထီးကို ကိုင်ပြီး အပြင်သို့ ထွက်လိုက်သည့်အခါ မိုးရေစက်များက ထီးပေါ်သို့ ကျဆင်းလာသည်။မိုးရေစက်များက သူ၏ ဘောင်းဘီရှည်ကို စင်လာသည်။ သူက ထီးကို ကိုင်လျက် ဂိတ်ဝတွင် ရပ်နေလိုက်သည်။
သွမ့်ရီဟွားတို့က ဧည့်ခန်းသို့ ထွက်လာကြသည်။ ကိစ္စကြီးများက ပြီးသွားသောအခါ နောက်ပိုင်းအချိန်တိုင်းက အရေးမပါသော ကိစ္စများသာရှိတော့ပြီး ပျင်းစရာ နေ့စဉ်ဘ၀သာ ဖြစ်လာသည်။ ကျိုင်ရှင်းချန်က မီးဖိုခန်းထဲတွင် ချက်ပြုတ်နေပြီး ဟော့ချန်းနှင့် ၀မ်နော့က သူ့ကို ကူပေးနေကြသည်။အခြားလူများက ဧည့်ခန်းထဲတွင် စာဖတ်ရင်း၊ စကားပြောရင်း အချိန်ကောင်းကို ပိုင်ဆိုင်နေကြသည်။
ကျိုးလန်က နေ့ခင်းဘက် အားသဖြင့်  အခြေအနေကို လာကြည့်သည်။ညဘက်အချိန်က ဟိုက်လိုက်ဖြစ်သည်။
မော်နီတာ ဆယ်ခုထက်မနည်း ကြည့်ပြီးနောက် ဖေးရွှီက လူအိုကြီးတစ်ယောက်အလား အဖွဲ့ထဲသို့ ၀င်မဆန့်ကြောင်း တွေ့လိုက်ရသည်။သူက ဆိုဖာတွင် ထိုင်ရင်း ဆူဒေါ့ကူဂိမ်းကို ဆော့နေသည်။ နှစ်ရက်ထဲနှင့် ဆူဒေါ့ကူဂိမ်းက ပြီးခါနီးပင်ဖြစ်သည်။
အစပိုင်းတွင် ဟူရင်းတို့က တပျော်တပါး ၀င်ပါကြသေးသည်။သို့သော် ဖေးရွှီအတွက်မူ ဒါက အပျင်းပြေဆော့သော အပျင်းပြေဂိမ်းဖြစ်နေသည်။သာမန်လူများအတွက်မူ ဦးနှောက်အလွန်သုံးရသော ဂိမ်းဖြစ်နေသည်။ ထိုကြောင့် တစ်ကြိမ်နှစ်ကြိမ်ခန့် ကြိုးစားပြီးနောက် လက်လျှော့လိုက်တော့သည်။
သူက ထိုဂိမ်းကို ကစားသော်လည်း အခြားလူများက နားမလည်နိုင်ကြချေ။ သူ့ကိုလည်း နှောင့်ယှက်ခြင်းက ရှက်စရာကောင်းနေသည်။
“ သူ့ကိုခေါ်လိုက်”
ကျိုးလျန်က ပြောသည်။
ဝန်ထမ်းက ဖေးရွှီကို လာခေါ်သည်။ ဖေးရွှီက ဆွယ်တာနှင့် ဦးထုပ်ကို ကောက်ဝတ်ပြီး တံခါးအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။ ထိုကြောင့် ဟူရင်းက မိုးရေထဲ တစ်ယောက်ထဲ ရပ်နေကြောင်း မြင်လိုက်ရသည်။ဟူရင်းကလည်း သူ့ကို မြင်သည်။
ဖေးရွှီက ဘေးခန်းသို့ တိုက်ရိုက်သွားလိုက်သည်။ဟူရင်းလည်း တောင့်ခဲသွားတော့သည်။
အပြာအနီ သင်္ကေတမှအဖွဲ့သားများက သူတို့၏ စံအိမ်ထဲသို့ လာခဲသည်။ သူတို့က ဘေးရှိအဆောက်ဦတွင်သာ နေကြသည်။ထိုအဆောက်အဦကလည်း နှစ်ထပ်တိုက်ဖြစ်သည်။သို့သော်အဖွဲ့သားများက များသောကြောင့် လူပြည့်ကျပ်နေသည်။ဖေးရွှီက အဖွဲ့သားများ၏ တပ်ဆင်ထားသော စက်ကိရိယာများစွာကို ကျော်ဖြတ်ပြီးမှ အခန်းတစ်ခုထဲသို့ ၀င်သည်။
ဝင်ဝင်ချင်းမှာတင် စီးကရက်ထိုင်သောက်နေသော ကျိုးလျန်ကို မြင်လိုက်ရသည်။ယခုတလော ဖိအားများနေသဖြင့် သူမက မကြာခဏ ဆေးလိပ်သောက်ဖြစ်နေသည်။ချမ်းသာသော ဒုတိယမျိုးဆက်များ စီးပွားရေး စလုပ်ရန် မလွယ်ကူချေ။
ဖေးရွှီကို မြင်သောအခါ ကျိုးလျန်က မေးသည်။
“ နင် ငါ့ကို ဘယ်လိုကတိပေးထားလဲ”
ဖေးရွှီက လေလျော့သွားသော ဘောလုံးလို ကုလားထိုင်ပေါ် ၀င်ထိုင်သည်။
“ ပျင်းစရာကောင်းတယ်”
“ ဘာလို့ ပျင်းစရာကောင်းရမှာလဲ”
“ ကျွန်တော်ရဲ့ ခံစားချက်မကောင်းဘူး”
“ ခံစားချက်မကောင်းဘူး ဟုတ်လား နင် ဖျားနေလို့လား”
“မဟုတ်ပါဘူး ကျွန်တော်ကို ကျွန်တော် တက်ကြွအောင်လုပ်လို့ မရဘူး၊ ခေါင်းကိုက်ချင်စရာပဲ”
ကျိုးလျန်က ပြောသည်။
“ နင်က အချစ်ရသစုံရှိုးမှာ ပါဝင်နေတယ်ဆိုတာ သိရောသိရဲ့လားဟမ်။ ဒီရှိုးက ငါ့အတွက်ဘယ်လောက်အရေးကြီးလဲ နင် သိတယ်နော်။ ငါက ဒီလို ကျော်ကြားတဲ့ ရသစုံရှိုးတစ်ခုကို ငါကြောင့်မ ပျက်ဆီးစေချင်ဘူး။ ငါ့အနေနဲ့ စီးပွားရေးတစ်ခု စတင်ဖို့ ဘယ်လောက် ခက်ခဲလဲသိလား။ အဘိုးကြီးကငါ့ကို အမြဲ ဖိအားပေးနေတာ၊ နောက်ပြီး ငါရဲ့ ကျန်းမာရေးကလည်း …”

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now