၁၇

2.1K 384 11
                                    

အပိုင်း ၁၇
ယန်ကျစ်၏နာမည်က ပါလာသည့်အခါ လူတစ်ယောက်က ၀င်မေးသည်။
“ စကားမစပ် ယန်ကျစ်က ဘာလို့ထွက်သွားတာလဲ”

“ သူ အပြင်ထွက်သွားတာ ကြာပြီ”

အပြင်တွင် မိုးအလွန်သည်းနေသည်။ ယန်ကျစ်က မှန်တခါးကို တွန်းဖွင့်ပြီးနောက် နောက်လှည့်ကြည့်ကာ ပြောသည်။
“ ခဏစောင့်ဦး”

သူ၏ ၀မ်းကွဲလျိုစစ်က ကုတ်ကို ၀တ်ပြီး ဆံပင်ကို အမြင့်စည်းသည်။ ယန်ကျစ်က တံခါးကို လက်တဖက်ဖြင့် ဖွင့်ထားပြီး အခြားတဖက်က ထီးကို ဖွင့်လိုက်သား ကိုင်ထားသည်။

သူတို့နှစ်ယောက်က စားသောက်ဆိုင်ထဲက ထွက်လာသောအခါ လျိုစစ်က သူ၏ လက်မောင်းကို လာဖက်သည်။
“ အေးလိုက်တာ”

ဖြတ်သွားဖြတ်လာများ၏ မျက်လုံးများက သူတို့ထံတွင်ဖြစ်သည်။

အမျိုးသားက အရပ်ရှည်ကာ ပိန်ပါးပြီး ရှပ်နှင့် ဘောင်းဘီရှည်ကို ၀တ်ထားသလို အဆင့်အတန်းမြင့်ကာ ချောမာသည်။ အမျိုးသမီးက ဒူးအထိရှည်သော စကတ်ကို ၀တ်ထားသည်။ နှစ်ယောက်က အလွန်ကြည့်ကောင်းပြီး လိုက်ဖက်သည်။

လျိုစစ်က ဒုတိယနှစ်တွင် ကျောင်းတွင် မနေတော့ဘဲ မြို့ပြရပ်ကွက်တစ်ခုတွင် တစ်ယောက်အိပ် အိပ်ခန်းတစ်ခန်း၊နှစ်ယောက်အိပ် အိပ်ခန်းတစ်ခန်းပါသော အိမ်တွင် ဌားနေသည်။ လမ်းတွင် လမ်းမီးများကလည်း ထိန်လင်းနေသော်လည်း မိုးသည်းနေသောကြောင့် မှောင်မည်းနေသည့်အပြင် လမ်းတွင် ရေလည်း များနေသည်။ ယန်ကျစ်က ပြောလိုက်သည်။

“ မင်းလို မိန်းကလေး တစ်ယောက်က ဒီနေရာမှာ နေတာ လုံခြုံရဲ့လား”

“ ဒီနေရာကို မကောင်းဘူးလို့ မထင်နဲ့၊ လုံခြုံရေးက တကယ်စိတ်ချရတယ်၊ နေရာတိုင်းမှာ ကင်မရာတွေချည်းပဲ။ နောက်ပြီး ဒီနေရာက ကျောင်းနဲ့လည်း နီးတော့ အတန်းတွေအတွက်အဆင်ပြေတယ်”
လျိုစစ်က ကုတ်ကို ခပ်တင်းတင်း ဆွဲကပ်လိုက်ပြီးနောက် ဆက်ပြောသည်။
“ ကောပြောတဲ့ ကျိုင်ရှင်းချန်ရဲ့ မိဘတွေလည်း ဒီမှာ နေတယ်”

ယန်ကျစ်က ချက်ချင်းခေါင်းလှည့်ကာ ကြည့်သည်။ သူ၏ မျက်မှန်တွင် နူးညံ့မှုနှင့် အေးစက်မှု ရောနှောနေသော အကြည့်က ထင်ဟပ်နေသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now