Part(35)(U+Z)

2.6K 127 2
                                    

Unicode

"​အောင်​မှတ်​ဖိုးက​နေ စသင်​ကြတာ​ပေါ့ ညီခတ်​ပိုင်​"

စာရွက်​များကို လှန်​ကာ စိတ်​ဝင်​တစားကြည့်​နေသည့်​
ကိုသာလွန်​ခဟာ အလွန်​ပင်​တည်​ကြည်​လွန်းလှသည်​။
​ရွှေရစ်​နောင်​တစ်​ယောက်​ကွေးသွားနိုင်​လောက်​ရန်​
ကိုသာလွန်​ခဟာ ပြည့်​စုံလှသည်​။

"ကျ​တော့်​ကို ပိုင်​လို့ပဲ​ခေါ်ပါ ကိုသာလွန်​"

"အာ sorryကွာ
ကိုယ်​က နာမည်​အတို​ကောက်​မ​ခေါ်တတ်​လို့"

"​အော်​ရပါတယ်​
ကိစ္စမရှိပါဘူး ။ကိုသာလွန်​ခေါ်တတ်​သလို​ခေါ်ပါဗျ"

ပိုင်​ပြုံးပြလိုက်​တော့ ကိုသာလွန်​ခဟာ ပြန်​ပြုံးပြ
လာသည်​လေ။

ပိုင်​တို့နှစ်​ဦး စာသင်​နေခဲ့ကြသည်​မှာ နှစ်​နာရီ​ကျော်​
​နေ​လေပြီ။ပိုင်​အနည်းငယ်​ငြီးစီစီဖြစ်​လာသည်​။
ဤသည်​ကို ကိုသာလွန်​ခ သတိထားမိပုံ​ပေါ်သည်​။

"ဒီ​နေ့​တော့ ဒီ​လောက်​နဲ့ ရပ်​ကြတာ​ပေါ့ ညီခတ်​ပိုင်​"

"ဟုတ်​ကဲ့"

"တက္ကသိုလ်​ဝင်​ခွင့်​စာ​မေးပွဲက အသားတင်​၅လ​လောက်​
လို​သေးတာဆို​တော့ ကိုယ်​ကြိုးစားသင်​ပေးပါ့မယ်​
ညီခတ်​ပိုင်​အောင်​မှာပါ"

"ဟီး ကူညီ​ပေးပါအုံး ကိုသာလွန်​
ဒီနှစ်​တော့ ပိုင်​အောင်​မှ ဖြစ်​တော့မှာ"

"ကိုယ်​ကူညီနိုင်​သမျှ ကူညီ​ပါမယ်​"

"ဟုတ်​အော်​... ဒါနဲ့ ပိုင်​... ကိုသာလွန့်​ကို
လက်​ဆောင်​ပေးစရာရှိတယ်​ခန​စောင့်​ပေး​နော်​"

"ဟုတ်​ကဲ့"

ညီခတ်​ပိုင်​ကို​စောင့်​ရင်း သာလွန်​ခ စာအုပ်​များကို
သိမ်းဆည်းထားလိုက်​သည်​။​ခေတ္တအကြာတွင်​ပိုင်​ဟာ
​ရွှေငါး​လေးများ ထည့်​ထားသည့်​ကန်​ငယ်​လေးတစ်​ခု
ကို ပိုက်​ကာ သာလွန်​ခအနား​ရောက်​လာသည်​။

"ပိုင်​ဒီ​လာဘ်ရွှင်ေ​ရွှငါး​လေး​တွေ ကိုသာလွန်​ခကို
လက်​ဆောင်​ပေးချင်​လို့"

"အာ...."

"ပိုင့်​စေတနာကို မငြင်းပါနဲ့​နော်​
ဒီငါး​လေး​တွေက တကယ်​လာဘ်​ရွှင်​တယ်​
ကိုသာလွန်​ခရဲ့"

love me little,love me long(Complete)Tahanan ng mga kuwento. Tumuklas ngayon