❤️ 7 💚

1.9K 130 9
                                    

Unicode

မလွှတ်ချင်ခဲ့ဘူး သို့သော်သူလွှတ်မှဖြစ်မှာမလို့ လွှတ်ခဲ့ရပေမဲ့ သူ့ကလေးငယ်ကိုသိပ်ကိုလွမ်းမိပါတယ်။မလိမ်တမ်းပြောရရင် သိပ်ချစ်ရတဲ့ကလေးငယ်နဲ့တစ်စက္ကန့်လေးတောင်ခွဲမနေချင်ပါဘူး။သိပ်ကိုချစ်ရတာမလို့ သူ့ကလေးငယ်အတွက်မကောင်းတဲ့အလုပ်တေကိုရှင်းဖို့ သူ့ကလေးငယ်ကိုလွှတ်လိုက်ရတာ တကယ်ကိုစိတ်မချလို့ သူဝမ်နင်ကိုပါထည့်ပေးလိုက်ခဲ့တယ်။နေ့တိုင်းvcပြောဖြစ်ပါလျက်နဲ့ လွမ်းနေမိတာ။အခုဆိုသူလည်း အဲ့အလုပ်တေမလုပ်တော့ဘူး။

လေးနှစ်ဆိုတဲ့အချိန်ကာလကုန်ဆုံးသွားခဲ့တာတောင် ပြန်မလာသေးတဲ့ကလေးငယ်က သူထပ်ပြီးစာလေ့လာချင်တယ်လို့ပြောလာခဲ့တယ်။အရင်လိုမဟုတ်ပဲ Usလွှတ်လိုက်တဲ့ကလေးငယ်က ထွားလာခဲ့တယ့်အပြင် လူကြီးဆန်လာတယ်။ရေချိုးရင်း သူနဲ့Vcပြောဖြစ်တုန်းက အရင်ထက်ပိုပြီးထွားလာတဲ့ခန္ဓာကိုယ်အပြင် ဝမ်းဗိုက်မှာတောင် muscle လေးတွေထွက်လာလေပြီ။တကယ်ကိုလူကြီးလေးဖြစ်လာတာ...

အတွေးမဆုံးခင် ဝင်လာသောဖုန်းသံကြောင့် ရိပေါ်မျက်နှာထက်အပြုံးများဟာပေါ်ပေါက်လာရသည်။သူ့ကလေးငယ်ဖုန်းဆက်တိုင်း သူ့အတွက်သိပ်ကိုပျော်ရပါသည်။သူချစ်ရတဲ့ကလေးငယ်ရဲ့မျက်နှာလေးနဲ့အသံလေးကြားတွေ့ရမှာမလို့ပင်ဖြစ်သည်။

ကလေးငယ်ကသိပ်ချစ်ဖို့ကောင်းလာတယ် ပြီးတော့အရမ်းခန့်လာတယ် သိလား....

*ကိုကို*

*ဗျာ ဘေဘီ ပြန်လာတော့မှာလား*

*ဟင့်အင်း ကိုကို ကျွန်တော်ဒီမှာလုပ်စရာတေရှိသေးတယ်ကိုကို*

အသက်ရလာပြီဖြစ်သည့်အပြင် < ၂၂ >နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်လာသည့်ဘေဘီဟာသူ့ကိုယ်သူကျွန်တော်ဟုသာအမြဲသုံးနှုန်းတော့သည်။ထိုသို့သုံးနှုန်းပြီးစပြောတုန်းက ရိပေါ်ဘဝင်မကျဖြစ်ခဲ့ပေမဲ့ ကလေးက အဲ့လိုပဲသုံးနှုန်းပြောတာပိုသင့်တော်တယ် ဟုပြောလာသောစကားကြောင့်သူဝမ်းနည်းခဲ့ရသေးသည်။ထပ်မံကြောက်မိသည်က ကလေးငယ်သူ့ကိုထားခဲ့မှာကိုပင်။သူကအခုဆို< ၃၀ >တောင်ရှိနေပြီမလား။ကလေးကအခုမှငယ်ပြီးခန့်သန့်နေတုန်းလေ။

Mafiaကြီးရဲ့အလှလေးကျန့် { Complete✓}Where stories live. Discover now