part(3)

226 3 0
                                    

"ဟော ဘုန်းဘုန်း တို့ လာကြပြီ"" မအေးမြင့်ရေ ထမင်းစားပွဲ လေး ပြင်စမ်းပါကွယ်" -အိမ်အပေါ်ထက်မှ အသက် ​၉၀ နီးပါး ဟုထင်ရသော အဘွားကြီး တစ်ယောက် ယဲ့တဲ့တဲ့ ဆင်းလာသည်
" ဒကာ မကြီး ကျန်းမာ ပါရဲ့လား"
" တပည့် တော် မာပါတယ်ဘုရား ဒါ နဲ့ ဒီဘက် က လူချော လေးကကောကွဲ့" -အဘွား ဒေါ်တင် မှာ မင်းမင်း ကို မေးလိုက်ခြင်းဖြစ်သည်
" သူက တူလေး ကို အဖော်ပြုပေးမယ့် သူပါ ကိုယ်တော် တို့ နယ်က ပဲ သူငယ်ငယ် တည်းက ထိန်းကျောင်းလာတာလိမ္မာရေးခြားရှိတယ် ပြဿနာ တွေဘာတွေမရှာဘူး"-ဘုန်းကြီး မှ မင်းမင်း၏ကိုယ်ရေးအကျဥ်းကိုရှင်းပြနေသည်
" ကျွန်တော့် နာမည် မင်းတိမ်လွှာ ပါအဘွား"-မင်းမင်း မှ အဘွားကို ပြုံး၍ နှုတ်ဆက်လိုက်သည်
"အော် အေး..အေး လူလေးက ယဥ်ကျေး မဲ့ပုံလေးပါ
အိမ်က မြေးလေးနဲ့တော့ တစ်ခြားစီပဲ"-ဘွားတင်မှ မင်းမင်း အား ချီးမွမ်းပြန်သည်
ထိုစဥ် အိမ် ဝင်းထဲသို့ ကားတစ်စီးဝင်လာသည်
ကားပေါ် မှ အသက် ၂၀ ကျော် ရှိလောက်သော အမျိုးသမီးတစ်ဦး ဆင်းလာသည်
" အမေ သမီး ဗိုက်ဆာတယ် ဘာဟင်းချက်လဲ ဆိတ်ကလီစာဟင်းဆိုရင်တော့ သမီးအကြိုက်နော်"- မေမြင့်မိုရ် သည် မီးဖိုချောင် ဘက်သို့ ဦးတည်၍ ပြောလိုက်သည်
Unicode #

