တစ်ဖက်သတ်အချစ် (သို့) ညို

15 2 0
                                    

one sided love

တစ်ဖက်သတ်အချစ်လို့ဆိုတာနဲ့ ပျော်ရွင်စွာ ပေါင်းဖက်သွားရတဲ့ Happy Ending လည်းရှိသလို တစ်ဘ၀လုံးစာ ဝေးကွာသွားခဲ့ရတဲ့ တစ်ဖက်သတ်အချစ်တွေလည်းရှိပါသတဲ့ ဒီလိုဆို ညို့ရဲ့ တစ်ဖက်သတ်ချစ်ခြင်းကရော ဘယ်လိုအဆုံးသတ်သွားမှာပါလိမ့်?

"Spring cafe"လို့ပြောလိုက်တာနဲ့ တန်းမြင်မိတာက အသားညိုညို အရပ်မြင့်မြင့်နဲ့ ညို သိပ်သဘောကျရတဲ့ အစ်ကို့ ကိုပါပဲ...
အစ်ကို? အင်း တစ်နည်းအားဖြင့် ငေးကြည့်ရုံနဲ့တင်ပြည့်စုံတဲ့လူတစ်ယောက်။

မိုးတွေသည်းထန်စွာရွာတဲ့နေ့တစ်နေ့မှာပေါ့ ညို့သင်တန်းက ညပိုင်း၇နာရီလောက်မှဆင်းတာဆိုတော့ လမ်းမှာကလည်း လူအသွားအလာပြတ်နေခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှအတန်းဆင်းချိန်ကနောက်ကျပြီး ၇ခွဲသွားတာ အဲ့လိုနဲ့ပဲ သင်တန်းရှိတဲ့လမ်းထဲက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ မိုး၀င်ခိုမယ်ဆိုပြီး၀င်သွားမိခဲ့တယ်။

"ဘာများသုံးဆောင်မလဲခင်ဗျ"
အို အသံလေးကချိုအေးပြီ နွေးထွေးလိုက်တာ

"အာ ဟုတ် Latte တစ်ခွက်ပေးပါရှင့်"

"ဟုတ်ကဲ့ပါ ခဏလောက်စောင့်ပေးပါဗျာ"

ထိုစကားသံနှင့်အတူ ကမ်းပေးလာသော အညိုရောင် လက်ကိုင်ပဝါလေးတစ်ထည်

"ဆံပင်သုတ်လိုက်ပါခင်ဗျ ပဝါက‌အသန့်ပါပဲ"

"ဟုတ် ကျေးဇူးပဲနော် အစ်ကို"

ကမ်းပေးလာတဲ့လက်ကိုင်ပဝါက လက်ထဲမှာပေမယ့် မကမ်းပေးလာတဲ့ ချစ်ခြင်းမေတ္တာကတော့ နှလုံးသားမှာအစသွယ်နေခဲ့လေပြီ။

လက်ကိုင်ပဝါလေးတစ်ထည်ကစတဲ့ရင်းနှီးမှုတွေကအချိန်အတိုင်းအတာတစ်ခုထိပဲ တည်မြဲခဲ့မယ်ဆိုလျှင် ညို ထိုနေ့ကလက်ကိုင်ပဝါလေးကို မုချလက်ခံခဲ့မည်မဟုတ်ချေ။

ရင်းနှီးလာတဲ့ဆက်ဆံရေးနဲ့အတူ အစ်ကို့ အကြောင်းကိုလည်းတစ်စထက်တစ်စပိုပြီးသိခွင့်ရလာခဲ့တယ်
အစ်ကိုက မိဘမဲ့တစ်ယောက် ဒီ coffeeဆိုင်လေးကိုတော့ သူ့လက်သူ့ခြေနဲ့ပဲဖြစ်ထွန်းအောင်ကြိုးစားခဲ့တာတဲ့လေ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့ ဆန္ဒကလည်းပါမယ်ထင်တာပါပဲ။

You've reached the end of published parts.

⏰ Last updated: Feb 25, 2023 ⏰

Add this story to your Library to get notified about new parts!

Os collection Where stories live. Discover now