အခန်း၃၈(uni+zaw)

21K 367 7
                                    

(unicode)

''ကလေးတွေက ချစ်ဖို့ကောင်းလိုက်တာနော်..''

''ဟုတ်ပဟယ်...အမွှာလေးနှစ်ယောက်က အဖေနဲ့ချွတ်စွပ်မှ ချွတ်စွပ်သိလား..မျက်ခုံးလေးတွေနှာတံလေးတွေကအစ တူတာ ၊အဲ့ဒါကြောင့်လူချောလေးတွေဖြစ်နေတာ''

''သမီးလေးကြတော့ မင်းသမီးလေးအတိုင်းနော်၊ခြေထောက်လေးတွေကအစ နုရဲနေတာ''

အေးပုံနဲ့ ဘဲဥမက ကစားနေကြတဲ့ကလေးတွေကိုကြည့်ရင်း သဘောကျစွာ ပြောသည်။ အဆင်းကမြို့ကပါလာတဲ့ မုန့်တွေနဲ့ဧည့်ခံရင်း စကားပြောလိုက်၊ကစားနေတဲ့ သားတွေနဲ့သမီးကိုလည်း လှမ်းလှမ်းကြည့်ရသည်။

''မြဖူးရယ်....''

''ဟဲ့..အေးပုံရယ်...အဆင်းလို့ခေါ်စမ်းပါ''

''ယောင်လို့ပါ...ဘဲဥမရဲ့..''

သူခေါ်လိုက်တဲ့အမည်လေးကို အဆင်းက နားထောင်ရင်း ဘာမှမပြောပေ။ဒါပေမဲ့အနားကဘဲဥမက အေးပုံကို တံတောင်နဲ့တွတ်ပြီး သတိပေးသည်။

''နှုတ်က အကျင့်ဖြစ်နေလို့..အဟင်း..''

''ရပါတယ်...မမအေးပုံရဲ့၊ ဒီရွာကို ရောက်ရင်မြဖူးဘဲကို ''

''ဟီးဟီး...ဟုတ်သား''

''ဒါနဲ့လေ...နင်အရမ်းလှလာတယ်သိလား၊ ကိုယ်လုံးလေးလည်း ပိုပြီးလှလာတယ်၊ဆံပင်ရှည်ရှည်နွဲ့နွဲ့နှောင်းနှောင်းလေးနဲ့ ၊ငါဖြင့်ကြည့်လို့ကိုမဝဘူးဟယ်''

''မြှောက်နေပြန်ပြီ...မမအေးပုံက ''

''မြှောက်စရာလားဟဲ့...တကယ်ပြောတာ၊
တသားမွေးတသွေးလှဆိုတာ နင်သိလား...''

ပါးမို့လေးတွေကအစ နီမြန်းနေကာ မျက်ခုံးနက်နက်ထင်းထင်းကလေးနဲ့ အပြစ်ဆိုစရာတစ်ကွက်မှကိုမရှိတာဖြစ်သည်။ရယ်လိုက်တော့လည်း ပိုပြီးနုငယ်သွားကာ၊ဒါကြောင့် ဟိုအမျိုသားဖြစ်သူက 'ချာတိတ်''လို့ထူးထူးဆန်းဆန်းလေးခေါ်ကာပါးစပ်ဖျားကမချဘဲ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတာဖြစ်လောက်မည်။

''အေးပုံပြောတာ တကယ်သိလား၊ အသားတွေပိုပြီးဖြူလာသလို ဆံပင်ရှည်ရှည်လေးနဲ့ နုဖတ်နေတာက ကလေးလေးတွေရဲ့ မေမေဆိုတာထင်ရက်စရာကိုမရှိတာ''

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now