𝖬𝗂𝖼𝗁𝖺𝖾𝗅𝗆𝖺𝗌 𝖽𝖺𝗂𝗌𝗂𝖾𝗌

348 48 15
                                    

ထပ်‌မတွေ့တော့တဲ့နေ့တွေမှာ

အဖြူရောင်နှင်းဆီတွေ မြင်တိုင်းလည်း တစ်စုံတစ်ယောက်ကိုသတိရနေမှာ

ခြေရာချင်းထပ်နေတဲ့ ဆိုလ်းမြို့ကြီးကို ပြန်ရောက်တိုင်းလည်း အဖြူမည်းအရိပ်နှစ်ခုကိုပြန်မြင်ယောင်နေမှာ

ယ်ဟျွန်းလို့ ခေါ်သံကြားရင်လည်း လေပြည်တစ်ချက် မှာပျောက်ကွယ်သွားမယ့် ပုံရိပ်လေး တစ်ခုကို လိုက်ရှာနေမိဦးမှာ

ကောင်းခြင်းမဟုတ်တဲ့ အစနဲ့ ဘဝထဲကိုဝင်လာခဲ့တဲ့ သူစိမ်းတစ်ယောက်ကိုလည်း ကမ္ဘာမြေကြီး ပေါ်ကနေပျောက်ကွယ်သွားခင်အထိတော့ သတိရနေဦးမှာပဲ

_Michaelmas daisies_

...

၈နှစ်တာခွဲခွာခဲ့ရတဲ့ ဆိုးလ်မြို့ကြီးရဲ့လေထုဟာ အရင်ကလိုအေးစက်နေမြဲ။

ဝတ်ကောင်းစားလှတွေနဲ့ ကိုရီးယားလူမျိုးတွေဟာလည်း မိန်းလမ်းမကြီးပေါ်မှာ ပျားပန်းခပ်လှုပ်ရှားနေတုန်း။

ပထမဆုံး ထိုမြို့ကြီးကို ခွဲခွာရတုန်းက မျက်ရည်စက်လက်နဲ့ နှလုံးသားရယ် ယူကြုံးမရခြင်းတွေရယ်ပဲ ပါသွားခဲ့တာဆို ပြန်လာတဲ့အခုချိန်မှာတော့ နာကျင်မှုတွေအသားကျနေတဲ့ နှလုံးသားရယ် မရေ‌ရာတော့တဲ့ မျှော်လင့်ချက်တစ်ချို့ရယ်ပဲပေါ့။

သူမှတ်မိခဲ့တဲ့အတိတ်ကနေ့ရက်တွေဟာ  ချိုမြိန်လွန်းတဲ့ နာကျင်ခြင်းတွေအပြည့်နဲ့။

ပြည်ဖုံးကားချလိုက်တဲ့ ကားလိပ်ရဲ့နောက်ကွယ်က တစ်ခန်းရပ်ပြဇာတ်မှာ ဘယ်သူကပိုနာကျင်ခဲ့လဲ၊ ဘယ်သူက ပိုငိုကြွေးခဲ့လဲ။

ထိုပြဇာတ်ကိုကြည့်ဖူးတဲ့ တစ်ချို့က သနားကြတယ် “ ဘယ်သူ့ဘက်က စမှားခဲ့လို့ ဒီလိုအဆုံးသတ်သွားတာလဲ” တဲ့။

🎉 You've finished reading 𝖬𝗂𝖼𝗁𝖺𝖾𝗅𝗆𝖺𝗌 𝖽𝖺𝗂𝗌𝗂𝖾𝗌 | 𝖳𝖺𝖾𝗀𝗒𝗎 𝖮𝗇𝖾 𝗌𝗁𝗈𝗍 🎉
𝖬𝗂𝖼𝗁𝖺𝖾𝗅𝗆𝖺𝗌 𝖽𝖺𝗂𝗌𝗂𝖾𝗌 | 𝖳𝖺𝖾𝗀𝗒𝗎 𝖮𝗇𝖾 𝗌𝗁𝗈𝗍Where stories live. Discover now