400 34 10
                                    

[Unicode]

Wildest Dreams

"​ဒေါ်ကြီး...အိမ်အကူ ရှာတာ ​တွေ့ပြီလား"

​ကြွေသားဖြူဖြူ​လှေကားထစ်​တွေက​နေ တစ်ဆင့်ချင်းဆင်းလာရင်း သူ ထမင်းစားခန်းထဲရှိ
အိမ်​တော်ထိိန်းအား လှမ်း​​မေးလိုက်သည်။

"​ဒေါ်ကြီး ကြိုးစားရှာ​နေပါတယ်...
သခင်​လေး"

"အင်း...လူရှာ​တွေ့ရင် ကျွန်​တော့ကို​ပြောပါ ​ဒေါ်ကြီး...​လော​လောဆယ်တော့ ကျွန်​တော် ခရီးထွက်စရာ ရှိတာမို့ တစ်ပတ် ဆယ်ရက် အိမ်မှာ ရှိမှာမဟုတ်ဘူး....အဲ့ဒီအတွင်း ရ​အောင်ရှာထားလိုက်​ပေါ့..."

"ဟုတ်ကဲ့ပါ သခင်​လေး..."

သူ ​ဒေါ်ကြီးအား ​ခေါင်းတစ်ချက်ငြိမ့်ပြကာ
ပြင်ဆင်ထားသည့် မနက်စာအား စတင် စား​သောက်လိုက်သည်။ ပြီးသည်နှင့် သူ အိမ်​တော်​ရှေ့ ဆင်ဝင်​အောက်က​နေ ခဏတာ ​ရပ်ကာ ​စောင့်​နေလိုက်၏။

"ကြာလိုက်တာ အီဝူရာ..."

သူ့အ​ရှေ့သို့ နက်​မှောင်​တောက်​ပြောင်သည့် ကားတစ်စီး​ရောက်လာ​သောအခါ သူ မျက်ခုံးတန်း​တွေ တွန့်ချိုးလျက် ဆိုသည်။

"​​တောင်းပန်ပါတယ် ​ခေါင်း​ဆောင်..ဟို​ကောင်​တွေ ကား​ရေ​ဆေး​နေတာ ​တော်​တော်နဲ့ မပြီး​နေလို့ပါ..."

"ဂို​ထောင်ကိုပဲမလား ​ခေါင်း​ဆောင်..."

ကားတံခါး ဖွင့်​​ပေးထားသည့် ကားအ​နောက်ခန်းထဲ သူ ဝင်ထိုင်သည်နှင့် ကား​မောင်းသူ​နေရာက အီဝူက ​မေးလာသည်။

"အင်း..ဂို​ထောင်ပဲ ပြီးရင်​တော့ တရုတ်ကို
ခရီးဆက်တာ​ပေါ့.."

ထို့​နောက်စံအိမ်​မှ ကားသုံးစီးဟာ
အရှိန်နှင့်ထွက်ခွာသွား​လေ၏။

"အီဝူ...သီချင်းဖွင့်လိုက်စမ်း...ငါ ဒီ​နေ့ စိတ်ကြည်​​နေတယ်... သီချင်းက
It's been a long long time "

"အမိန့်အတိုင်းပါ ​ခေါင်း​​ဆောင်..."

အီဝူ့ စကားဆုံးသွားသည်နှင့် ကားထဲ ပျံလွင့်လာတဲ့ ​တေးသံ​တွေ​ကြောင့် သူ တစ်ချက် ပြုံးကာ ရံဖန်ရံခါပင် နှုတ်ဖျားမှ သီချင်းအား လိုက်ညဥ်း​နေမိ၏။

You've reached the end of published parts.

⏰ Last updated: Feb 20, 2023 ⏰

Add this story to your Library to get notified about new parts!

Wlidest DreamsWhere stories live. Discover now