Warming Sunshine

24 3 0
                                    

နယ်မြို့လေးတစ်ခုရဲ့ ဘူတာရုံတစ်ခုမှာတော့ ခရီးသည်များ များပြားစွာရှိနေကြတယ်။
အထုတ်ကြီး အထုတ်ငယ် များနှင့်သူများ၊သက်တောင့်သက်သာဖြင့် ရထားပေါ်မှဆင်းလာသူများ၊ မိသားစုများ စသည့်လူတန်းစားအမျိုးမျိုးကိုသူတွေ့နေရသည်။ သူသည်လည်း ထိုလူများထဲမှခရီးသည် တစ်ယောက်မို့ ထိုလူများကိုသတိထား မိနေသည်မှာမဆန်းပါ။များပြားလှသောလူများ နှင့် စိမ်းသက်နေသော ထိုနေရာကိုကြည့်၍ သူလွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။ ကြည့်နေရင်းနဲ့အသက်ရူကျပ်လာတာကြောင့် သူဘူတာရုံအပြင်ကိုအမြန်ပဲ ပြေးထွက်ခဲ့လိုက်တော့သည်။

သူ့နာမည်က ရှိန်းဖြစ်သည်။အသက်က ၁၆ နှစ်ဖြစ်ပြီးအိမ်ကထွက်လာခဲ့သူတစ်ယောက်ဖြစ်သည်။ မေမေဆုံးပြီးထဲက ပျော်ရွှင်မှုတွေပျောက်ဆုံး သွားတဲ့ရှိန်း။ ကျန်ခဲ့တဲ့ဖေဖေကလည်း သူ့ကိုအချိန်မပေးဘဲ အလုပ်တွေနဲ့သာခေါင်းနှစ်လို့နေသည်။ဒါတွေသူနားလည်ပေးနိုင်သေးသည်။အဲ့နေ့မနက် ဖေဖေရဲ့ရုံးခန်းကိုသူလိုက်သွားတော့ ဖေဖေ​နဲ့ကြင်ကြင်နာနာဖက်နေတဲ့ ဖေဖေရဲ့အတွေးရေးမှူးမိန်းမအဲ့တာကိုသူမြင်လိုက်ချိန်မှာ သူ့တော်တော်ရှော့ရသွားတယ်။ မေမေ့ကိုအစားထိုးနိုင်တဲ့ဖေဖေကိုလည်းအံသြတယ်။ အဲ့တာနဲ့ပဲရှိန်း အိမ်မှာမနေချင်တော့တာနဲ့အိမ်ပေါ်က တိတ်တိတ်လေးဆင်းလာခဲ့တာဖြစ်သည်။ အခုတော့လည်းဘယ်သွားလို့ဘယ်လာရမှန်းမသိ ဘဲခြေဦးတည့်ရာသာလျှောက်လာခဲ့သည်။
သူတစ်ယောက်တည်း ဆိုတော့ မျက်စိသူငယ်နားသူငယ်ဖြင့် အကြောင်သားသွားနေမိသည်။
မျက်လုံးနားဆီပြည့်လျံလာတဲ့ မျက်ရည်စတွေကို အသက်ပြင်းပြင်းရူပြီး မျက်တောင်တွေကိုပုတ်ခတ် ပုတ်ခတ်လုပ်ကာဖယ်ရှားလိုက်သည်။ အတန်ကြာ သူလျှောက်လာခဲ့တဲ့ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်တဲ့အခါ လူသူမရှိဘဲရှင်းလင်းနေတဲ့နေရာဆီရောက်နေမှန်းသတိထားမိလိုက်သည်။ အခုကဆောင်းအကုန် နွေရာသီအကူးကြား နွေဦးရာသီဆိုတော့ရာသီဥတုကမအေးမပူနဲ့နေလို့ကောင်းလှသည်။ တိမ်အထပ်ထပ်ဖြင့် ပြာလဲ့နေတဲ့ကောင်းကင်ကြီးအောက်မှာတော့ လွင်ပြင်ကျယ်ကြီးရှိ​နေပြီး ကြည့်နေရုံနေတင်အေးချမ်းပြီး လွပ်လပ်မှုအပြည့်ရှိတဲ့နေရာဆိုတာ သိသာနေသည်။ အဲ့တာကြောင့်ပဲ ရှိန်းတစ်ယောက်ထိုနေရာကြီးထဲပြေးဆင်းသွားလိုက်တော့သည်။ပြေးရင်းနဲ့လည်း လွယ်အိတ်တွေကိုအကုန်ပစ်ချ ထားခဲ့သည်။ သူ့ခြေထောက်နားကနူးနူးညံညံမြက်ပင်​ရှည်လေးတွေ၊ သူ့ဘေးနားတစ်ဝိုက်မှာ ပေါက်နေတဲ့တောရိုင်းပန်းပွင့်လေး​တွေ၊ သူ့အနားကိုတိုးဝေ့နေတဲ့လေနုအေးတွေထဲမှာပါလာတဲ့ မွှေးရနံတွေ..အကုန်လုံးကလှပပြီး အေးချမ်းလွန်းလို့ သူမရပ်မနားကိုပြေးနေမိသည်။အတော်ကြာမှပဲပြေးတာကိုရပ်တန့်လိုက်တယ်။

Warming SunshineWhere stories live. Discover now