Uni
"ဒေါက် ဒေါက် ဒေါက် ဒေါက်"
"......."
"ဒေါက် ဒေါက်.... မွေးနေ့ရှင်ကြီးရေ... အခုချိန်အထိ မထသေးဘူးလား"
"....."
"ဒုန်း...ဒုန်း... ဒုန်း"
"ကျစ်!! ဘယ်သူလဲကွာ"
တံခါးခေါက်သည့်အဆင့်ကနေ လက်သီးဖြင့် ထုရိုက်သည့် အဆင့်အထိရောက်လာတော့ ဟန်စစ်သွေး ဆက်ပြီး မအိပ်နေနိုင်တော့ပေ။
ခန္ဓာကိုယ်ပေါ်မှာ ခြုံလွှားထားသော စောင်ကို ဆွဲဖယ်လိုက်ပြီး အစီအငေါ်မကျ ဖြစ်နေသည့် ဆံပင်ကို လက်ချောင်းများဖြင့် သပ်တင်လိုက်သည်။
အိပ်ရေးမ၀သေးတာကြောင့် လူကသိပ်ပြီးတော့ စိတ်ကြည်မနေ။
အခန်းတံခါးကိုဖွင့်လိုက်တော့ ထင်ထားသည့်အတိုင်း သွန်းမီသိမ့်ပင်။
"စောစောစီးစီး ဘာလာလုပ်တာလဲ"
"ဘာစောစောစီးစီးလဲ.....အချိန်ကိုကြည့်ဦး ၉နာရီထိုးနေပြီ"
"၉နာရီထိုးတာ ဘာလုပ်ရမှာလဲ။ ဒီနေ့အလုပ်ပိတ်ရက်မို့လို့ အေးဆေးအနားယူမလို့ ...သွား..ပြန်တော့"
"ဟေ့.... အဲ့လိုလုပ်လို့မရဘူးလေ။ ဒီနေ့ နင့်မွေးနေ့လေ...."
"......."
ကြောင်စီစီဖြစ်သွားသည့် ဟန်စစ်သွေး ရုပ်ကိုကြည့်ခြင်းအားဖြင့် သူ့မွေးနေ့သူ မေ့နေသည်ဆိုတာ သွန်းမီသိမ့် သဘောပေါက်လိုက်သည်။
"ဘာလဲ နင့်မွေးနေ့နင် မေ့နေတာလား"
"မေ့နေတာမဟုတ်ဘူး... သတိကိုမရတာ"
"အေး ကောင်းတယ် ကောင်းတယ်။ အမြဲတမ်း အလုပ်ပုံထဲ ခေါင်းစိုက်နေမှတော့ ဒါကို ဘယ်သတိရတော့မလဲ"
"မွေးနေ့ကို သတိရတော့ရော ဘာထူးခြားလို့လဲ... အသက်တစ်နှစ် ကြီးလာတာပဲရှိတယ်"
"တော်စမ်းပါ တရားသမားလိုလို လုပ်ပြမနေနဲ့။
ဒီနေ့ငါ့ကိုမုန့်လိုက်၀ယ်ကျွေး....""ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့.... နင့်မွေးနေ့လေ"
YOU ARE READING
နှောင်ကြိုး {OC}
RomanceStart : 6.11.2022 Finish : ????? မင်းနဲ့ငါနဲ့ ဘယ်လောက်ပဲဝေးနေနေ ငါတို့နှစ်ယောက်ကြားမှာ သာမာန်လူတွေမမြင်တွေ့နိုင်တဲ့ ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းရှိတယ်.......... အဲ့ဒီကြိုးကပဲ မင်းရှိတဲ့နေရာဆီ ငါ့ကိုခေါ်ဆောင်သွားပေးလိမ့်မယ်.......... မင်းနဲ့ငါနဲ့...