Chapter9

66 2 0
                                    

"ဒါနဲ့ နောင်ထံတျာ မင်းဘယ်ကယောက်ျားကိုအပိုင်သိမ်းခဲ့တာလဲ..မင်းဘာတွေများလုပ်ပေးလို့အကြွေးတွေချေပေးနေတာလဲ..ဟင်းးဟင်းး
မြဝင်းမြိုင်သာကြားရင်တော့ရင်ကျိုးမယ်ထင်ပါရဲ့"

ဟုတ်ပါတယ်..အခုသူတို့အကြွေးရှင်အိမ်ကိုရောက်နေတာပါ..ဒီမေမေ့ရဲ့သူငယ်ချင်းကဘုန်းသစ်နားမှာမဟုတ်တာတွေပြောမလို့လုပ်နေတုန်း သူကအန်တီ့ကိုခေါ်ထုတ်လာပြီး သီးသန့်နေရာမှာစကားပြောနေကြခြင်းဖြစ်တယ်..။

"နေပါဦး..အန်တီ  မေမေကဘာလို့ရင်ကျိုးရမှာလဲ ကျွန်တော်နဲ့အဲ့ကောင်လေးကဘာမှမဟုတ်ဘူးဗျ
"
"ဘာမှမဟုတ်စရာလား အကြွေးတွေချေစရာများလို့ဆိုပြီးငါ့ကိုအကြွေးလာမပေးတာဘယ်လောက်ကြာပြီးလဲ..အခုမှထူးထူးဆန်းဆန်း..ပြီးတော့မင်းပေးတာမဟုတ်ဘဲအဲ့ကောင်လေးပေးတာမှန်းသိသာနေတဲ့ဟာ..အမယ်လေး ငါ့ကိုများလာလိမ်ချင်သေးတယ်"

"မဟုတ်..မဟုတ်ပါဘူး"

ဆိုပြီး သူ့သိက္ခာကိုစော်ကားနေတဲ့အန်တီကိုမျက်နှာချင်းဆိုင် မကြည့်ဘဲ ခေါင်းကိုအောက်ငုံ့ကာ မဟုတ်ကြောင်းငြင်းဆန်နေတော့တယ်

"ဘယ်သူဘဲပေးပေး ခင်ဗျားအပူပါလား ပိုက်ဆံရရင်ပြီးရောပေါ့ ပါးစပ်ပေါက်ကငြိမ်ငြိမ်ကိုမနေနိုင်ဘူး ဘာလဲ..လက်ထဲကပိုက်ထားတဲ့ပိုက်ဆံကိုမလိုချင်တော့ဘူးလား"

သူတို့ဧည့်ခန်းမှာထိုင်နေတုန်း ဒီမိန်းမတစ်ခုခုပြောရန်စကားစနေတော့ ထံတျာက ဒီမိန်းမကိုမီးဖိုခန်းသို့ခေါ်ထုတ်သွားခဲ့တယ် သူသိပါတယ် ဒီမိန်းမဘာစကားတွေဟမလဲဆိုတာ သို့သော် ‌ထံတျာက သူ့ကို မကြားစေချင်မှန်းသိလို့ သူငြိမ်နေခဲ့တာ..ဒါပေမဲ့ခိုးကာသွားနားထောင်ခဲ့တယ် ထိုမိန်းမရဲ့စကားတွေဟာ သူ့ကိုသည်းခံနိုင်စွမ်းကုန်လွန်လာခဲ့စေတယ် ထံတျာရဲ့ ခေါင်းငုံ့ခံနေတဲ့ပုံစံဟာသူ့ကို ဒေါသထွက်စေခဲ့တယ်..

"ရိုင်းလိုက်တာ!"

"ပိုရိုင်းပြရမလား ခွမ်းး!"

ဒီမိန်းမရဲ့မျက်နှာကိုမျက်နှာချင်းဆိုင်မြင်ရတော့ပို၍ဒေါသထွက်လာခဲ့တယ် ထို့ကြောင့် ဘေးနားမှာရှိတဲ့ဖန်ခွက်ကိုခွဲပစ်လိုက်တာဖြစ်တယ်

ℋℰ Where stories live. Discover now