Part 2👻

284 27 0
                                    


"မြွေဖြူအားထမ်းကာပြန်လာတဲ့ယောကျာ်းဖြစ်သူကြောင့် ထယ်လီ စိတ်ညစ်ရပြန်တယ်

"ရှင်ရယ် ဒီလိုအကောင်တွေဖမ်းမလာလို့မရဘူးလား"

"ဒါမျိုးကောင်က ရှားပါးတယ်ဟကံကောင်းလို့မိတာ"

ထယ်လီ ဘာမှမပြောလိုတော့ပါ။‌မြွေဖြူအသေကိုသာယူပြီးထုံးစံအတိုင်းမီးဖိုချောင်မှာထုပ်ပိုးနေတယ်

"ထယ်လီ လာပါဦီး အားးးးကယ်ပါဦး"

အိမ်ရှေ့မှယောကျာ်းဖြစ်သူရဲ့ နာကျင်တဲ့အော်သံကြောင့် ပြေးထွက်လာ

"ဘာဖြစ်တာလဲယောကျာ်း ရှင်ဘာလို့အော် အော်"

ယောကျာ်းဖြစ်သူတဖြေးဖြေးနဲ့မြွေဖြူအဖြင့်သို့ပြောင်းလဲနေတဲ့မြင်ကွင်း

"ထယ်လီ ကိုယ် အ့ ကိုယ့်ကိုခွှင့်လွှတ်"

စကားမဆုံးခင်ပင် ခုနကထယ်လီ ထုပ်ပိုးခဲ့တဲ့မြွေဖြူဖြစ်သွားခဲ့ပြီ

"ယောကျာ်း"

"ကမ်င် မိသားစု မင်းတို့မျိုးရိုးတစ်ခုလုံးကို ကျိန်စာတိုက်တယ် မင်းတို့တစ်မျိုးလုံး မြွေရုပ် သွင်ပါလာပါစေ"

စကားဆုံးတာနဲ့မြွေဟာအပြင်သို့ပြေးထွက်သွားတယ်။

"တောင်းပန်ပါတယ် ကျွန်မတို့ကိုကျိန်စာမတိုက်ပါနဲ့"

ထယ်လီပြေးလိုက်တောင်းပန်သော်လည်းမမှီတော့ပါ မြွေဟာတောထဲသို့ရောက်သွားလေပြီ
အိမ်ခြံစည်းရိုးဘေးမှာငိုယိုနေမိတယ် မြွေဖြူပြောသွားတဲ့မြွေသွင်ပါလာပါစေဆိုတဲ့အဓိပ္ပာယ်လည်းနားမလည်ခဲ့ချေ။
ရုတ်တရက်ဆိုသလိုပူလောင်လာတဲ့ခန္ဓာကိုယ်

"အာ့ ပူတယ် ဗိုက်ကတစ်ခုခု အ့"

ဗိုက်ကနေ မြွေဖြူလေးတစ်ကောင်ထွက်လာခဲ့တယ်

"အားးမြွေ ငါမြွေကိုမွေးလိုက်တာလား အားးး"

မြွေလေးသည်သေးသေးလေးပင် ထယ်လီ ကြက်သေ သေနေခဲ့သည်။ရုတ်တရက်

"သတ်မှဖြစ်မယ် ငါအဲ့လိုမဖြစ်နိုင်ဘူး ငါကမြွေမွေးတယ်"

အိမ်ထဲကဓားကိုဆွဲယူကာမြွေအားသတ်မည်အလုပ် အရုဏ်တက်ချိန်ရောက်ပြီမို့ နေထွက်ပေါ်လာခဲ့တယ်
နေရဲ့အလင်းရောင် မြွေဖြူပေါ်သို့ကျသွားပြီးမြွေ
ဖြူမှကလေးဖြစ်သို့သွားပြီ

My King👑💞(Completed)Where stories live. Discover now