Part (35)

69 13 1
                                    

တောင်းဆု





🌼pann




Part (35)





" ဒါက ဘာလဲ.. "

သတင်းစာခေါင်းစီးမှာ ပါလာတဲ့သတင်းတစ်ခုက လူငယ်စီးပွာရေးထိပ်တန်းလုပ်ငန်းရှင် မင်းဆက်ဟန် နဲ့သူ့ဇနီးတို့နဲ့ တွေ့ဆုံ​ခြင်း ဆိုပဲ.. ။

ပုံထဲမှာပါနေတဲ့မင်းဆက်ဟန်ဆိုတာကတော့ ကိုဟန်ပါပဲ.. ။

ဒါပေမယ့်သူ့ဘေးမှာအပြုံးနုနုလေးနဲ့ ရပ်နေတဲ့မိန်းကလေးက သူ့ဇနီးဖြစ်တဲ့နုဝေခက်ပိုးဆိုတဲ့ပိုးမှမဟုတ်ဘဲ.. ။

သူ့ဇနီး ပိုးက ဒီမှာငုတ်တုတ်ကြီးပါ..။

ဒါကို ဘယ်ကဇနီးဆိုတဲ့တစ်ယောက်က ကပ်ပါလာရတာလဲ.. ။

ဒီသတင်းတွေကဘာတွေလဲ ကိုဟန်.. ။

သတင်းထဲမှာဖော်ပြထားတဲ့ အကြောင်းရာကရောဘာတွေလဲ.. ။

ပိုးအပြင် ကိုဟန့်မှာနောက်မိန်းကလေးရှိနေတာလား..။

ပိုးကိုတော့ လူတကာရှေ့မှာမပြထားဘဲ ဒီလိုအိမ်ကောင်းစံခန်းကြီးမှာ ပိုးကိုနေခိုင်းပြီးချွေးသိပ်ထားတာလားကိုဟန်.. ။

ပိုးကို ကိုဟန်လိမ်ထားတာလား.. ။

ပိုးခေါင်းတွေထဲမှာ ဟိုဟိုဒီဒီ အတွေးတွေစုံနေတာ..။

ကိုဟန် တကယ်ပဲ ခြေရှုပ်လိုက်တာလား..။

အထင်လွဲစရာ ဘာဆိုဘာမှမတွေ့ခဲ့မိတာကလည်း ပိုးရဲ့လိုအပ်ချက်ပဲလား..။

ပိုးက အဲ့သည်လောက်ထိပဲညံ့သွားသလား..။

.

ရုံးရောက်တာနဲ့ ဝန်ထမ်းတွေ ဟိုနားတစ်စုဒီနားတစ်စုနဲ့ ခေါင်းချင်းတွေဆိုင်နေကြတာကိုမြင်လိုက်ပါတယ်.. ။

ကိုယ့်ကိုမြင်တာနဲ့ အချင်းချင်း ကိုယ်ရှိန်သတ်ပြီးလူတွေရှဲသွားကြပါတယ်.. ။

ကိုယ်လည်း ဘာရယ်ညာရယ်နဲ့မဆူမငေါက်နေပါဘူး..။

ဒီနေရာအထိ လိုက်ပြောနေရအောင်လည်း ဝန်ထမ်းထဲမှာဘယ်တစ်ယောက်မှ အသက်မပြည့်သေးတာ မပါဘူး.. ။

ဘာမှမပြောနေဘဲ အပေါ်ဆုံးအထပ်ကိုယ့်ရုံးခန်းကိုပဲ တန်းတန်းဆက်သွားလိုက်သည်.. ။

တောင်းဆုWhere stories live. Discover now