Ep.33(uni)

1.1K 94 37
                                    

ရန်ကုန်မြေကို ခြေချခဲ့ပြန်ပြီ။
တစ်နှစ်ကြီးများတောင် သားနဲ့ခွဲရဦးမယ်။
သားဟာလေ တဖြေးဖြေးရုပ်လုံးပေါ်လာတဲ့ ပန်းပုရုပ်လေးလိုပဲ မျက်ခုံးနက်ထူထူတွေက ဘယ်သူနဲ့တူတာပါလိမ့်။
တစ်ခါတစ်ခါ စကားကြီးစကားကျယ်တွေ ထွက်လာတတ်တဲ့ နှုတ်ခမ်းထူထူအိအိလေးကရော ဘယ်သူ့ဆီက အမွေတွေလဲ။
သားကိုမြင်ရင် ကိုစိမ်းကားကြီးကို သတိရနေတာကလည်း ဝဋ်ကြွေးတစ်ခု။

သူ့ကိုဘောင်မဝင်တဲ့ကောင်လို ဆက်ဆံကာ ဘာကိုမှ သေချာရှင်းပြမပေးတဲ့ မြယွန်းမေကို အမြင်မကြည်သော်လည်း၊ ထားရစ်ခဲ့သူကို တစ်လလောက်ထိ ခင်ဗျားပြန်လာပစေဦးလို့ ကြိမ်းဝါးခဲ့သော်လည်း၊
တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ ရွယ်လူးငယ့် မာနတွေကို တိုက်စားပစ်ခဲ့ပေါ့။
ချစ်ရသူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ရန်ကုန်ရောက်ခဲ့ရပြန်ပြီ။

ကျောင်းဝန်းထဲ ခြေချလိုက်ရုံနဲ့ လွမ်းမောမှုတွေ၊အားငယ်မှုတွေ အလုံးရင်းနဲ့ ဝင်ရောက်လာတယ်။ အရင်လို သူ့ကိုအနိုင်ကျင့်မယ့် မိုးစက်တို့ မရှိတော့ဘူးဆိုပေမယ့် အားကိုရတဲ့ မိချောတို့အုပ်စုလည်း မရှိတော့ပေ။ ဘယ်လောက်ပဲ လူကနုပျိုပါတယ်ပြောပြော ကိုယ့်ထက်ငယ်တဲ့ ကလေးတွေနဲ့ ကျောင်းအတူတက်ရတော့မယ်။

"ဝမ်း... တူး....သရီးကို ဂုဏ်ပြုပါတယ်''

တုံ့......တုံ့......တုံ့......

ကားထဲကနေ ဘီယာဗူးခွံတွေ အစီရီထွက်ကျလာတယ်။
ကျောင်းသူလေးသုံးယောက်ကို စနောက်သွားကြတဲ့ ကားပေါ်ကကောင်လေးအုပ်စု။
သူတို့ပစ်ချခဲ့တဲ့ ဘီယာဗူးတွေက မျက်စောင်းထိုးကာ လှည့်ထွက်သွားတဲ့ မိန်းကလေးတွေနဲ့ လွန်ကာ ရွယ်လူးခြေထောက်ရှေ့မှာ အစီအရီ။
ပထမဆုံးနေ့မှာ ကျောင်းတော်ကြီးက ကြိုဆိုပုံသင်းတယ်။
မရောက်တာကြာလို့ အရာရာအသစ်လိုဖြစ်နေတဲ့ ကျောင်းဝန်းထဲ သူ့မှာမျက်စိသူငယ်နားသူငယ်။

"ကောင်လေးတွေ သိပ်ဆိုးတာပဲ ကိုယ်ဖယ်ပေးမယ်နော်''

ရုတ်တရက်
သင်းပျံ့ပျံ့ ရေမွှေးနံ့လေး ပျံ့လွင့်လာတယ်။ သြရှရှအသံနဲ့အတူ ခြေထောက်ရှေ့ ထိုင်ချလာတဲ့ တစ်စုံတစ်ယောက်။
ခေါင်းပြန်မော့ကာ ပြုံးပြလာချိန် သူ့မှာလောကကြီးနဲ့ ခနတာအဆက်ပြတ်သွားတယ်။

ကိုပေါWhere stories live. Discover now