Part(13) Zawgyi & Unicode

864 30 0
                                    

Unforgotten memories

အပိုင်း(၁၃)

တိုင်းနဲ့ရဲရင့်က တစ်ပတ်လောက်ထိပြင်ဦးလွင်မှာနေပြီးမှ ပြန်ရောက်လာကြသည်။ သို့သော် ဘာမှမပြောသည့်မိဘတွေကြောင့် နှစ်ယောက်သားစိတ်ထဲမတင်မကျနှင့် နေရခက်နေကြတော့သည်။

"ဒယ်ဒီကျွန်တော့်ကိုထိုးချင်ရင် ထိုးလိုက်ပါ ကျွန်တော့်အပြစ်ကျွန်တော်ခံပါမယ်"

"မဟုတ်တာ ကျွန်တော့်အမှားလည်းပါပါတယ် ကျွန်တော့်ကိုပါ‌ထိုးပါဗျ"

တိုင်းက ထိုသို့ပြောလျှင် ရဲရင့်ကပါ ထိုသို့ပြောသည်။  နှစ်ယောက်သားက ခိုးပြေးပြီးမှ အရမ်းချစ်ပြနေကြသည်။

"မာမီ ကျွန်တော့်ကိုစိတ်ပြေတဲ့အထိပြောလို့ရပါတယ်"

"ကျွန်တော့်ကိုရော ကိုယ့်သားလို ဆုံးမလို့ရပါတယ်ဗျ"

ခွီး!..

နောက်က နံရံမှာခေါင်းပြူထွက်နေတဲ့ လင်မယားနှစ်ယောက်ဆီက ခိုးခိုးခစ်ခစ်ရယ်သံထွက်ကျလာ၏။

တိုင်းက မျက်နှာတင်းတင်းနဲ့လှည့်ကြည့်ကာ မျက်ခုံးတွေပါတွန့်ပြီး သတိပေးသည်။ သို့သော် ထိုနှစ်ယောက်က မျက်နှာ‌ပေးပြုံးစိစိနဲ့ အသောမတတ်နိုင်။

"ပန်ပန်ရေ!..."

အိမ်ရှေ့က မွန်းအသံကြောင့် တိုင်းနဲ့ရဲရင့်နောက်ကိုလှည့်ကြည့်တော့ မကြာပါ လူ‌ကရှေ့ကိုရောက်လာသည်။ တစ်ဆက်တည်း မွန်းရဲ့အချစ်တော်ညီညီပါပါလာ၏။

"ကိုကိုတို့ပြန်လာပြီလား"

"အင်း "

"အန်တီနဲ့အန်ကယ် မွန်းတို့လာလည်ပါတယ်ရှင့်"

မွန်းတို့နှုတ်ဆက်တော့ အန်တီနဲ့အန်ကယ်က ပြန်ပြီးနှုတ်ဆက်သည်။ မွန်းက ကိုရဲရင့်ဘေးနားဝင်ထိုင်ဖို့ပြင်တော့ ညီညီကမွန်းကိုဆွဲကာ သူက ကိုရဲရင့်ဘေးနားဝင်ထိုင်သည်။ အရမ်းပိုလွန်းတဲ့ညီညီကြောင့် တိုင်းရဲ့ကြီးကြီးကျယ်ကျယ်ဆိုတဲ့အကြည့်က ညီညီ့ဆီရောက်လာသည်။ သို့သော်ညီညီသည်ဂရုမစိုက်ဘဲ ခပ်တည်တည်နှင့်သာ။

မွန်းတို့ရောက်လာပြီဆိုမှ တိမ်နဲ့ပန်ပန်က မွန်းတို့နဲ့မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်ကြသည်။

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Donde viven las historias. Descúbrelo ahora