intro

398 27 5
                                    

လူတချို့ရဲ့လောဘရမ္မက်တွေကြောင့်ဖြစ်တည်လာခဲ့တဲ့ ရောဂါပိုးတစ်ခုဟာ လူသားတွေကြားထဲ တစ်စတစ်စပြန့်နှံ့သွားပြီးနောက် ကမ္ဘာပျက်ကိန်းအထိဆိုက်ရောက်လာခဲ့တယ်။

ကမ္ဘာကြီးရဲ့အဆုံးသတ်တစ်ခုနားသို့ရောက်ရှိသည့်တိုင်အောင်၊အကြောက်တရားတွေကြားထဲမှာ ရှင်သန်နေရသည့်တိုင်အောင် လူသားတွေရဲ့ရမ္မက်လောဘ၊အတ္တ၊မာန်မာနတွေကို ကိုင်စွဲထားပုံတွေ 

တစ်ဖက်မှာလည်း ကိုယ်ချင်းစာတရားနဲ့မေတ္တာတရားကိုနားလည်သူတွေ ၊ ကိုယ်ကျိုးစွန့်တတ်သူတွေရဲ့ ရှင်သန်နေထိုင်ပုံတွေကို တွေ့ရှိရမှာဖြစ်ပြီး

မတူညီတဲ့‌နေရာ ၊ ကွဲပြားတဲ့ဘဝ‌နေထိုင်မှုကိုယ်စီရှိနေတဲ့ လူငယ်ရှစ်ယောက်ရဲ့ဆုံတွေ့လာမှု ။

ကြုံတွေ့လာရတဲ့ကမ္ဘာပျက်ကပ်ထဲ ထိုလူငယ်ရှစ်ယောက်ရဲ့

မတူညီတဲ့စိတ်ပိုင်းဆိုင်ရာတွေ၊ခံယူချက်ကွဲပြားမှု‌‌တွေကို ညှိနှိုင်းနေထိုင်ရင်း ရင်ဆိုင်ရတဲ့အခက်အခဲပြဿနာတွေ၊ ကျော်လွန်ရမယ့်အကြောက်တရားတွေ၊ ရွေးချယ်စရာမရှိတဲ့ လျှောက်လှမ်းရမယ့်လမ်းတွေအတွက် အချင်းချင်းဖေးမရင်း ရှင်သန်ရပ်တည်ဖို့အတွက်ကြိုးစားရင်ဆိုင်ကြပုံကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဒီ Fiction ကိုမဖတ်ခင်မှာ ကျွန်တော်တို့သတိပေးချင်တဲ့အကြောင်းအရာများကတော့

ပထမဦးဆုံး Zombie တွေနဲ့ဆက်စပ်မှုဖြစ်တဲ့အတွက်

မနှစ်မြို့စရာအကြောင်းအရာတွေတော့ ရှောင်ရှားထားမှာဖြစ်ပြီး သွေးထွက်သံယိုတွေ၊ အကြမ်းဖက်မှုတွေနဲ့ တုန်လှုပ်စရာအခိုက်အတန့်တွေတော့ ပါဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလို type မျိုးကို ရှောင်ရှားတတ်ပြီး လက်မခံနိုင်တဲ့သူမျိုးဖြစ်ခဲ့ရင် မဖတ်ဖို့ကြိုတင်အသိပေးပါရစေ။

နောက်ပြီး အသက်ငယ်ရွယ်လွန်းတဲ့သူတွေနဲ့ နှလုံးအားနည်းတဲ့သူတွေလည်းမဖတ်ဖို့ အသိပေးချင်ပါတယ်ဗျ။

ဒါကို Fanfiction အနေနဲ့ ကျွန်တော်တို့ရေးဖို့စဉ်းစားဖြစ်ခဲ့ပြီး ကျွန်တော်တို့ Author နှစ်ယောက်ရဲ့ စိတ်ကူးယဉ်သက်သက် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါတယ်။ 

ApocalypseWhere stories live. Discover now