" ဟဲ့..... "
"အဲ့နားလေးမှာထားလို့ ပန်းအိုးတေကို... "
"အဲ့နားမှာမဟုတ်ပါဘူးဆို ဟိုနားလေးမှာပါဆို "
"ဟာမမလေးကလဲဗျာ ကျွန်တော်က ဟိုဘက်မှာထားတော့ မမလေးကဒီဘက် ဒီဘက်မှာထားပြန်တော့ ဟိုဘက်ဖြစ်သွားပြန်ပီ"
"မသိဘူးမင်းဟာမင်း ထားချင်တဲ့ နေရာမှာသာထားတော့"
ခြေစောင့်ကာထွက်သွားတဲ့ သူမလေးကတော့ လီဆာ လေးပါ
"တစ်ဦးတည်းသောသမီးလေးဆိုတော့ မိဘတွေက အရမ်းကို အလိုလိုက်ထားတာ"
"အလိုလိုက်တဲ့ ကလေးတွေဆိုးတယ်ဆိုတာ တကယ်ကို မှန်လွန်းတယ်ဗျ ခုလဲကြည့်လေ သူမစိတ်မကြည်တိုင်း ခြံကအလုပ်သမားတေကို ဂျီကျနေကြ"
"ပါးပါးလို့ လီဆာလဲ ပါးကုမ္ပဏီကို လိုက်ချင်တယ်"
"နိုးးးးနိုးးး လာမပူဆာနဲ့ သမီးငယ် "
"ပါးကုမ္ပဏီကို သမီးငယ်လိုက်လာတိုင်း ပြသနာတခုမဟုတ် တခု အမြဲရှင်းနေရတယ်"
"ဟာပါးကလဲ လုပ်ပါ ပြသနာမရှာဘူးလို့ နော်🙁🙁🙁 "
ခုလဲကြည့်ကြအုန်းးးးးးးး
"သူ့ပါးပါး ကို ဂျီကျနေပြန်ပီ"
"ကတိနော် သမီးငယ်........"
"ဟုတ် မကတိ ပါးပါး"
"ဒီကလေးမလေးကတော့နော် ကဲတက်ကားပေါ်ကို"
"ဟဲ့ သမီးငယ် ဒါကဘယ်လိုက်မလို့တုန်း"
"ပါးပါးအလုပ် လိုက်သွားမှာ"
"ေန့လည်စာ ပြန်စားဝူးနော်မားမား"
"အေးပါ သမီးမရှိရင် ဒီအိမ်ကြီးက အေးချမ်းနေတာဘဲ မရှိလေကောင်းလေ "စနောက်နေတဲ့ မားကြောင့် လီဆာ မျက်နှာလေးစူပုတ်ကာ ပါးပါးကားပေါ်တက်လို့ လာခဲ့ပါတယ်။
ကုမ္ပဏီ သို့ရောက်သော်......
"ပါးပါး လီဆာကို မုန့်ဖိုးပေး လီဆာ လျှောက်သွားမလို့"
"ဟာ မသွားပါနဲ့ သမီးငယ်ရဲ့ပါးနဲ့ ကုမ္ပဏီကို ရောက်တုန်းလေး လျှောက်ပတ်ကြည့်ကြမယ်လေ"