Chapter [ 1 ]

120 16 1
                                    

[ Unicode ]

" ရန်ဖြစ်လာပြန်ပြီလား "

" မဟုတ်တာ "

အလိမ်အညာစကားကိုဆိုလိုက်ပေမယ့် တစ်ဖက်လူကတော့ ကြိုသိနေသည့်အလား မျက်မှန်ကိုင်းကိုပင့်တင်ပြီး သူ့အားလက်ပိုက်ကာကြည့်သည် ။

" တစ်ရက်လောက်ကျောင်းကိုကောင်းကောင်းလေးတတ်လို့မရဘူးလား ကုန်းကျွင်း "

စိတ်ပျက်သည်လည်းမဟုတ် အားရသည်လည်းမဟုတ်သောလေသံနဲ့ ပြောလာသည့်စကားတိုင်းကို ကုန်းကျွင်းက အချိန်တိုင်းနာခံချင်သည် ။ သို့ပေမယ့် ကျောင်းမှာ မကြာခဏရန်စတတ်တဲ့ကောင်တွေကြောင့် သူရန်မဖြစ်လို့ကိုမရဘူးဖြစ်နေတယ် ။

" နောက်တစ်ခါမဖြစ်စေရတော့ပါဘူး "

" မင်းအမြဲတမ်းအဲ့လိုပြောတာပဲ ၊ ထားလိုက်တော့ ရေချိုးလိုက်ဦး ပြီးရင်ဆင်းလာခဲ့ စာသင်ရမယ် "

ပြောစရာစကားဆုံးတာနဲ့ အကြည့်လွှဲသွားသည့် ထိုလူဟာ ပြာလွင့်လွင့်ဘောပင်ကိုကောက်ကိုင်ပြီးထုံးစံအတိုင်း ဘွဲ့ရဖို့အရေးကြိုးပမ်းနေပြန်သည်လေ ။

" အဖေရော "

" ဦးငယ် အလုပ်ကိစ္စနဲ့ထွက်သွားတယ် ၊ မင်းကိုစာလုပ်ဖို့မှာထားခဲ့တယ် "

" သိပါပြီဗျာ.. "

အသံရှည်စွဲကာပြောလို့ လွယ်အိတ်ကိုဘေးတစ်စောင်းလွယ်ကာအိမ်ပေါ်ထပ်ကိုပြေးတတ်သွားသည့် အထက်တန်းကျောင်းသားကုန်းကျွင်းက လိမ်မာသလိုလိုနဲ့ အလိုလိုက်ခံထားရလို့ဆိုးနေတဲ့ ကောင်လေးတစ်ယောက်ပါပဲ ။ ငယ်ငယ်ထဲကအဖေတစ်ယောက်ထဲနဲ့နေရပေမယ့် အဖေဖြစ်သူက လိုလေစိတ်မရှိအောင်ဖြည့်ဆည်းပေးပြီး အလိုလိုက်တာကြောင့် ဆိုးလည်းဆိုးချင်စရာအနေအထားဖြစ်ပြန်သည် ။ နောက်ပြီး ကုန်းကျွင်း၃နှစ်သားထဲကထိန်းကျောင်းလာတဲ့ ဒေါ်လေးမုံကလည်း ကုန်းကျွင်းကိုကလေးလိုမျိုးအခုထိအလိုလိုက်နေတာလေ ။ အဲ့သလိုအလိုလိုက်ခံထားရတဲ့ကလေးကမဆိုးဘဲရှိပါတော့မလား ။

ဒါပေမယ့် အဲ့ဒီနေ့က ကုန်းကျွင်းအဖေက သူ့ကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးသည် ။ နာမည်က ကျန်းကျယ်ဟန့်တဲ့ ။ ကုန်းကျွင်းထက် အသက်နည်းနည်းကြီးပြီး အခုကစလို့ ကုန်းကျွင်းတို့နဲ့တူတူနေမှာလို့လည်း အသိပေးသည် ။ ပုံမှန်တိုင်းဆိုလက်မခံချင်မှာမဟုတ်ပေမယ့် မှန်ကြောင်လေးလုံးလေးကို စစမြင်ထဲက ကုန်းကျွင်းက သဘောမကျတဲ့စိတ်တွေရှိမနေခဲ့တော့တာ ။

To encourage loveWhere stories live. Discover now