3 U/Z

2.9K 68 1
                                    

စွာတေးလန် အပျိုကြီး စီရံခြယ်တစ်ယောက် ယောကျာ်းယူသွားပြီ ဟူသော သတင်းကြောင့် ရပ်ကွက်တစ်ခုလုံး  အံ့သြနေရလေသည်။ ယူသွားသူကလည်း အခြားသူ မဟုတ် ကျောင်းဆရာလေး မင်းဉာဏ်သာ ဖြစ်နေသဖြင့် ပို၍ အံ့သြကြလေသည်။

"ဆရာလေးကလဲဟယ် ဒီမိန်းမကိုမှ ယူရတယ်လို့"

"အေးဟယ် ဘာကြည့်ပြီး ယူလဲ မသိဘူး၊ ဒီလောက် အပေါက်ကဆိုးဆိုး၊ စရိုက်ကြမ်းကြမ်း အပျိုကြီးကိုမှ "

"အို အပျိုကြီးက မရမက အပိုင်ချုပ်ထားတာ နေမှာပေါ့၊ ဟွန့် ဆရာလေးအလွှတ်လျှောက်ဆို ဒီအပျိုကြီးကို ယူမယ်တော့ မထင်ဘူး"

"နင်က ဆရာလေးကို နှမြောနေတာလား"

"နှမြောတာပေါ့ဟယ် ၊ ဆရာလေးက ငယ်ငယ်ချောချောလေး"

"နှမြောမနေနဲ့တော့ အပျိုကြီး ယောကျာ်းဖြစ်သွားပြီ ၊ ညည်း နှမြောနေလဲ အပိုဘဲ"

အရပ်ထဲမှ အမျိုးသမီး တစ်သိုက်၏ ဝေဖန်သံများက သို့လော သို့လောပင်။

ဘယ်သူတွေ ဘယ်လောက်ပင် ဝေဖန်ပါစေ ။ စီရံတို့ကတော့ အပြုံးမပျက်။ ကိုယ့်ချစ်မြတ်နိုး၍ ယူထားသည့် လင်ယောကျာ်း အပေါ်တွင် မယားဝတ္တရား ကျေပွန်ဖို့ပင် အဓိက မဟုတ်လား။
                       ☔☔☔

ည၏ တိတ်ဆိတ်မှုက ဉာဏ်သာ ရင်ထဲက အပူကို မငြိမ်းနိုင်။ မင်္ဂလာဉီး ည ဟု ဆိုစေငြားလည်း ဉာဏ်သာ အနေဖြင့် စီရံအပေါ် ဘာတစ်ခုမှ မကျူးလွန်ခဲ့ပေ။ သိက္ခာတစ်ခု အတွက် ရင်းခဲ့ရသည့် မင်္ဂလာပွဲသည့်  သူ့စိတ်ဆန္ဒ လုံးဝမပါခဲ့သလို ထိုအမျိုးသမီးကိုပင် သူ့လက်ဖျားနှင့် ထိဖို့ မရည်ရွယ်ခဲ့ပေ။

"ဆရာ မအိပ်သေးဘူးလား"

စီရံ တစ်ရေးနိုးလေတော့  ဘေးနားစမ်းကြည့်လေတော့ ဆရာက ရှိမနေပေ။ ထိုကြောင့် အပြင်ထွက်ကြည့်လေတော့ ခုံတန်းလျားပေါ်မှာ ကျောခင်းအိပ်နေလေသော ဉာဏ်သာကို တွေ့လိုက်ရလေသည်။

ဖယောင်းတိုင်မီး မှိတ်ပြပြအောက်မှာ ဉာဏ်သာတစ်ယောက် အိပ်၍ မရခဲ့သလို ရင်ထဲက မွန်းကျပ်မှုတွေ အတွက် အပြေးအလွှား အဖြေရှာလျှက်ပင်။

ရင်ခုန်တာအချစ်လားWhere stories live. Discover now