၁လခန့်ကြာသော်........
ဒီ၁လအတွင်းကျန်းဝေယုံ၏နေ့ရက်များသည်လွန်စွာမှကောင်းမွန်လျက်ရှိပေသည်။နေ့တိုင်းစားဖိုဆောင်သို့သွဦးကာဟင်းချက်လိုက်မောင်နှင့်အတူတူစားလိုက်ဖြင့်အချိန်ကုန်နေခဲ့သည်။မိမိ၏အဆောင်သို့လည်းမပြန်ဖြစ်သည်မှာကပွဲညကတည်းကပင်ဖြစ်သည်။သို့သော်ယနေ့တွင်တော့လုပ်စရာရှိတာကြောင့်စုရီရီအားခေါ်ကာနန်းတော်အတွင်းရှိစစ်တပ်ဆီသို့ထွက်ခဲ့လိုက်သည်။ဇာတ်ကြောင်းအရနောက်၁နှစ်အကြာတွင်စစ်ဖြစ်မည်ဖြစ်သော်လည်းမိမိကြောင့်ဇာတ်ကြောင်းမှာပြောင်းလဲသွားပြီဖြစ်တာကြောင့်စစ်ပွဲကသိပ်မကြာတော့ပေ။Luffyဆီမှပြောပြချက်အရတတိယမင်းသားကသူ၏ကိုယ်လုပ်တော်များအားနှိပ်စက်ညှင်းပန်းကာလိင်ဆက်ဆံရသည်ကိုသဘောကျသောကျသောpsychoကောင်၁ယောက်ဖြစ်သည်။ထို့အပြင်သူကမိမိနှင့်ချင်ချန်ချိုးအားသဘောကျနေပြီးချင်ချန်ချိုးနှင့်လည်းအဆင်ပြေနေကြသေးသည်။
ထို့ကြောင့်သူသိချင်တာကတကယ်လို့ချင်ချန်ချိုးနှင့်တတိယမင်းသားတို့သာအဆင်ပြေသွားလျှင်တတိယမင်းသား၏ဝါသနာကချင်ချန်ချိုးအတွက်ဘယ်လိုနေမည်ဆိုတာကိုပင်။သို့သော်ကျန်းဝေယုံအတွက်ထိုကိစ္စကိုအာရုံစိုက်ရန်အချိန်မရှိသေးပေ။စစ်ပွဲကဖြစ်တော့မည်ဖြစ်ကာသူကလည်းစစ်ကြောင်းနောက်လိုက်သွားရမည်ဖြစ်သည်။ချင်ချန်ချိုးကစစ်ထွက်ရာနောက်သို့လိုက်မည်ဖြစ်ရာသူကဘယ်လိုလုပ်မောင့်ကို၁ယောက်တည်းစိတ်ချရမှာလဲ။မောင့်ကိုမယုံလို့မဟုတ်ဘဲပြောင်းလဲသွားသောဇာတ်ကြောင်းအရချင်ချန်ချိုး၏လုပ်ကြံမှုကိုခံရသူမှာတတိယမင်းသားမဟုတ်ဘဲမောင်ဖြစ်သွားနိုင်တာကြောင့်ပင်။
ထို့ကြောင့်လည်းသူမောင့်ထံမှဓားသိုင်းအနည်းငယ်ကိုသင်ယူခဲ့သည်။အခြေခံဓားသိုင်းနည်းနည်းနှင့်နတ်ဆိုးသားရဲမျက်လုံးဓားကသူ့အသက်ကိုကယ်တင်ဖို့လုံလောက်ပါသည်။ဒီနေ့တော့နန်းတော်အတွင်းရှိစစ်တပ်ထံဓားရေးလေ့ကျင့်ရန်ထွက်လာခဲ့သည်။
ထို့ကြောင့်လည်းသူမောင့်ထံမှဓားသိုင်းအနည်းငယ်ကိုသင်ယူခဲ့သည်။အခြေခံဓားသိုင်းနည်းနည်းနှင့်နတ်ဆိုးသားရဲမျက်လုံးဓားကသူ့အသက်ကိုကယ်တင်ဖို့လုံလောက်ပါသည်။ဒီနေ့တော့နန်းတော်အတွင်းရှိစစ်တပ်ထံဓားရေးလေ့ကျင့်ရန်ထွက်လာခဲ့သည်။မောင်ကသူ့ကိုစစ်လေ့ကျင့်ရေးစခန်းဆီသို့သွားခွင့်မပြုပေ။သဝန်တိုတတ်လွန်းသောမောင်မိမိအားစစ်စခန်းလိုယောင်္ကျားများပြည့်နေသောနေရာဆီသို့သွားခွင့်မပြုပေ။ထို့ကြောင့်မောင်မသိအောင်ခိုးထွက်လာခြင်းဖြစ်သည်။
YOU ARE READING
ကျွန်တော့်systemကပျက်နေတယ်
Fantasyနှိုင်းထက်လျှံဟာစာဖတ်ရတာကိုအလွန်နှစ်သက်သူဖြစ်သည်။ အထူးသဖြင့်systemအမျိုးအစားတွေကိုဖတ်ရတာပိုကြိုက်ပြီးsystemရူးရူးနေသူဖြစ်သည်။၁နေ့စာကြည့်တိုက်သွားရင်းငလျင်လှုပ်တာကြောင့်စာအုပ်စင်ပြိုကျကာသေဆုံးသွားပြီးsystem၁ခုနှင့်ချိတ်မိသွားလေသည်။ သို့သော်သူဖ...