part-17

1.3K 75 32
                                    

#unicode

"မင်းငါ့ကိုကြိုက်နေတယ်ဆိုတာတကယ်လား"

"ဗျာ"

"မင်းငါ့ကိုကြိုက်နေတာလား"

"အာ..ဟား.ဟားးyoon..yoongi hyung ဘာ..ဘာတွေပြောနေတာလဲ မရယ်ရဘူးနော် ဟားး"

"ငါမင်းကိုနောက်နေတာမဟုတ်ဘူး jimin"

"......"

"ကျေးဇူးပြုပြီး ငါမေးတာကိုပဲဖြေပေးပါ"

jimin မှာပြောစရာစကားမရှိပါ။ သူမူးနေတုန်းခံစားချက်တွေပွင့်ထွက်သွားနိုင်တယ်ဆိုတာကိုတွေးမိပေမဲ့ သူဝန်မခံချင်။ သူ့ကို yoongi hyung မုန်းသွားမှာကိုကြောက်သည်။သေလောက်အောင်ကိုကြောက်ပါသည်။ဒါပေမဲ့အမှန်တရားကပြောင်းလဲသွားမှာမှမဟုတ်ပဲ။အားတင်းပြီးပြောဖို့ကြိုးစားခဲ့ပေမဲ့ အလွဲလွဲအချော်ချော်ဖြစ်သွားမှာကိုကြောက်သည်။သူထုတ်မပြောနိုင်ဘူး...

"ဟိုလေ..yoongi hyung"

"မင်းငါ့ကိုမကြိုက်ဘူးမလား"

"....."

"မင်းငါ့ကိုကြိုက်တယ်ဆိုတာလိမ်နေတာမလား jimin ဟမ် လိမ်နေတယ်လို့ပြောလိုက် ငါတကယ်စိတ်မဆိုးဘူး "

ရာသီဉတုကသာယာပုံမပေါ် နွေးနွေးလေးနဲ့နေလို့ကောင်းနေသောငြား မိုးသားတိမ်တောင်တို့မှာအုံ့မှိူင်းနေသည်။ဒါကသူ့ကိုပွင့်လင်းဖို့လမ်းကြောင်း နေတာလား? ဒါမှမဟုတ်လက်လျော့ခိုင်းနေတာလား?
.
.
.
.
.
.
.
.
.

"ဟုတ််တယ်"

"ဘာ"

"ကျွန်တော်ခင်ဗျားကိုကြိုက်တယ်"

"မင်း!"

"ဘာဖြစ်လို့လဲ ကြိုက်လို့မရဘူးလား ဒါက ကျွန်တော့်လွတ်လပ်ပိုင်ခွင့်လေ ကျွန်တော်ကြိုက်ချင်တဲ့သူကိုကြိုက်ပိုင်ခွင့်ရှိတယ်"

"မင်းကိုမင်းယောကျ်ားလေးမှန်းရောသိသေးရဲ့လား"

"သိတယ် ကျွန်တော်ခံယူချက်ကိုရော ကျွန်တော့ခံစားချက်ကိုရော ကျွန်တော်နားလည်တယ် ကျွန်တော့်ဖြစ်တည်မှုကိုလဲကျွန်တော်မြတ်နိုးတယ် အဲ့တာကြောင့်.."

"မင်းကွာ...တောက်စ်!"

yoongi တောက်ခ်ခေါက်သံကြောင့် jiminပို၍ဝမ်းနည်းလာမိသည်။ ချစ်မိတော့လဲ လေသံလေးနည်းနည်းမာသွားရင်တောင် မျက်ရည်ကဝဲတက်လာတာဘယ်လိုလုပ်ရမလဲလို့

Because of you[Daddy Jeon]Where stories live. Discover now