YEIM 5 🍂(Unicode)

92 13 4
                                    

"တပည့်တော်လည်း လာသင်ချင်ပါတယ်ဘုရား!!"

ထိုအချိန် အားလုံးကြောင်အနေစဥ် ဘဘုန်းကအားနာဟန်နဲ့ပြောလေသည်။

"အလို အုပ်မင်းရယ် အားနာစရာ
သမီးယိမ်းနဲ့ကို ရနေပါပြီကွဲ့
အုပ်မင်းအတွက် အလုပ်ပိုနေပါမယ်"

"မပိုပါဘူး ဘုရား
တပည့်တော်လည်း ပညာဒါနလေးလုပ်မယ်ဆိုပြီးစိတ်ကူးထားလို့ အခုကြုံတုန်းလေးရောက်တုန်းရောက်ခိုက် ပညာဒါန ကုသိုလ်လေးလုပ်ချင်လို့ပါဘုရား"

"အာစိ!!!!"

မြစောဟန်စကားကြောင့် တပည့်ကျော်ဖိုးအောင်သူ့ခန္ဓာကိုယ်မှာရှိသမျှအလုံးတွေ အကုန်ပြူးထွက်ရုံသာမက အံသြလွန်းလို့ နာမည်တောင်ခေါ်မိသည့်အဖြစ်။မခေါ်မိလို့လည်းရမလား။အဘယ်တုန်းကများ ထိုပညာဒါနစိတ်ကူးက တွေးမိသွားသနည်း။အာစိလိုလူမျိုးက ဘယ်လိုဖြစ်ပြီး ဒီလိုပုံစံဖြစ်သွားရပါသနည်း။အဘယ်ကြောင်းကြောင့်များ ဒီလိုဖြစ်နေရပါသနည်း။ဖိုးအောင်ခေါင်းထဲတွင် ထိုသနည်းပေါင်းများစွာနဲ့ပြည့်နေသည်။

သူ အာစိကိုခေါ်လိုက်တော့လည်းပြန်ကြည့်လာသည့်အကြည့်များက'မင်းပါးစပ်ပိတ်'ဟူသောအဓိပ္ပာယ်များနှင့် ပြူးကြည့်လာသည်။ထို့ကြောင့် အာစိအား​ပြောမည့်စကားများကလည်း လည်ချောင်းထဲပြန်ဝင်သွားရသည်။ဆရာတော်ဘုရားကို ကြည့်နေသည့်အကြည့်များကလည်း သူ့ကိုလာသင်ခိုင်းအောင်ကို လုံးဝအကြည့်မလွှဲ။

"အုပ်မင်း ပင်ပန်းမှာစိုးလို့ ပြောရတာပါကွယ်"

"ရပါတယ်ဘုရား တပည့်တော် မပင်ပန်းပါဘူးဘုရား"

"အေးကွယ် အုပ်မင်းက
စိတ်အားထက်သန်နေမှတော့
ဘဘုန်းမတားတော့ပါဘူး"

"ကျေးဇူးတင်ပါတယ်ဘုရား"

"ရပါတယ် အုပ်မင်းရယ်....သမီးနွဲ့မေ"

"တင်ပါ့ဘုရား"

"လာမယ့်ကြာသပတေးနေ့ကျ အုပ်မင်းကို
စာသင်ကျောင်းလာရင်း ဝင်ခေါ်ခဲ့လိုက်တော့နော်"

"တင်ပါ့ဘုရား"

ယိမ်း ဘဘုန်းက​ပြောလို့သာငြိမ်နေလိုက်တာဖြစ်သည်။ဟိုလူကြီးကိုကြည့်ရတာနှင့်ကိုကျောချမ်းနေတာပင်။ယိမ်းစိတ်နှင့်ယိမ်းသာဆို ထိုလူကြီးကိုဝင်ခေါ်ချင်တာမဟုတ်။ထို့သူ့အကြည့်တွေက ယိမ်းအတွက်တကယ်ကြောက်စရာကြီးဖြစ်နေသည်။

𝑌𝑒𝑖𝑚(ယိမ်း) {ongoing} (ခတ္တရပ်နား)Where stories live. Discover now