အပိုင်း(၁)

103 2 1
                                    

2014,Juneလ, 5ရက်နေ့

"တောင် တောင်" ကျောင်းတက်ခေါင်းလောင်းထိုးသံကြောင့် မုန့်ဈေးတန်းမှကောင်မလေးတစ်ယောက် စာသင်ခန်းရှိရာသိုအလျင်အမြန်ပြေးလေသည်။

"ဟာ ဒုက္ခပဲ မြန်မုန်ပြေးမှ စာသင်ခန်းဝင်တာနောက်ကျလို့တီချယ်က ထိုင်ထလုပ်ခိုင်းနေရင်ရှက်စရာကြီး"ဟု ရေရွတ်ရင်းဒုန်းစိုင်းပြေးလေသည်။သူ့ပုံစံကပြေးရခက်နေသည်ထင်..ထမီကို မ ကာ အစွမ်းကုန်ပြေးနေလေသည်။

"ဒုတ်" "အာ့"
ထိုကောင်မလေးလဲကျသွားသည်။

"ရရဲ့လား ညီမလေး" ယောက်ျားပီသလွန်းတဲ့ထိုအသံကြောင့်ကောင်မလေးမော့ကြည့်မိသည်။ထို့နောက်ရုတ်တရက်ထငိုကာ

"အဟင့်..အီးးဟီးး ဘယ်လိုလုပ်ရမလဲ အတန်းနောက်ကျစိုးလို့ပြေးကာမှ ဒီကနဲ့ဝင်တိုက်မိတယ် ခုဒူးပါပြဲပြီ.."

"ဟင် ဒူးခေါင်းကရရဲ့လား"

"ထားလိုက် အတန်းဝင်တော့မယ် မဟုတ်ရင် တီချယ်ကထိုင်ထလုပ်ခိုင်းနေလိမ့်မယ်"ဟုဆိုကာ ထော့နဲ့ထော့နဲ့နှင့်သွားနေလေသည်။

"နေ..နေပါအုံး ညီမလေးရဲ့ မင်းကဘယ်အတန်းကလဲ နာမည်ကရောဘယ်လိုခေါ်လဲ"

"နာမည်က ရွှေပိတောက်၊ အတန်းက5တန်း(A)"ငိုမဲ့မဲ့အသံနဲ့ပြန်ဖြေမိသည်။

"လာ အကိုလိုက်ပို့ပေးပါ့မယ် တီချယ်ထိုင်ထမလုပ်ခိုင်းအောင်လည်း အကိုပြောပေးပါ့မယ်"

"တကယ်လား"
"တကယ်ပါကွာ လာ သွားမယ်...အော် နေအုံး ညီမလေးလမ်းမလျှောက်နိုင်ရင်အကိုချီမယ် လာ"ဟုဆိုပြီး ရွှေပိတောက်ကိုကောက်ချီလေသည်။ထို့နောက်အတန်းရှေ့ရောက်တော့

"တီချယ် ဒီကလေးမလေးကကျနော်နဲ့တိုက်မိလို့ ‌ခြေထောက်မှာဒဏ်ရာရသွားပါတယ် အ့တာသူအတန်းအချိန်မှီမဝင်နိုင်လို့ သူ့ကိုတီချယ်ဆူမှာကြောက်နေတယ်ဗျ အ့ကြောင့်ကျနော်ကလာပို့ပေးတာပါ ကျနော့်ကြောင့်သူအတန်းဝင်တာနောက်ကျတာပါဗျ"

"ရပါတယ် သားရေ ထားခဲ့လိုက် ရွှေပိတောက်တို့ကတော့ စပ်စလူးနတ်ပူးပဲဟေ့"ဟုပြောဆိုနေသံတွေကိုချန်ခဲ့ရင်း
အောင်ငြိမ်းချမ်းသူ့အတန်းဆီသို့ထွက်လာခဲ့သည်။အောင်ငြိမ်းချမ်းက ဒီနှစ်ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်။အတန်းထဲမှာစာအတော်ဆုံးကျောင်းသားမို့ ဆရာ၊ဆရာမများသာမက မိဘကပါအားထားရသောလူငယ်လေးပင်..စာတွင်မကပဲဘက်စုံထူးချွန်သည့်အပြင်ရုပ်ရည်ကလည်းချောမောတာမို့ ကျောင်းရှိမိန်းကလေးများရဲ့အသည်းစွဲပင်ဖြစ်သည်။

                                                                To be continued ...
ဖတ်ရတာအဆင်ပြေရဲ့လားဟင်🥺

You've reached the end of published parts.

⏰ Last updated: Mar 07, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်ဦးမို့ မမေ့နိုင်ပါWhere stories live. Discover now